.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့နယ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများ စျေးကွက်အတွင်း၌ ရောင်းချနေပြီ
ဖြစ်သော်လည်း ဝယ်လိုအား နည်းပါးသဖြင့် စျေးကောင်း မရဘဲ ဖြစ်နေကြောင်း သိရသည်။
.
လိုင်ချီးသီးမှာ နွေဦးရာသီပေါ်သီးနှံ တစ်မျိုး ဖြစ်ပြီး
ယင်းနှင့်အတူ သရက်သီး၊ နာနတ်သီး၊ မက်မန်းသီးများလည်း တပြိုင်တည်း ထွက်ပေါ်ကာ COVID-19
ကူးစက်ရောဂါ အခြေအနေများကြောင့် ယခင်နှစ်များထက် ဝယ်လိုအား နည်းနေခြင်း
ဖြစ်ကြောင်း သိရသည်။
.
“အထူးဒေသ(၂)နဲ့ အထူးဒေသ(၄) တွေလို နေရာတွေမှာ ခရီးသည်
ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး ကျိုင်းတုံမြို့နယ်မှာလည်း လူစုလူဝေးနဲ့ အလှူ၊ မင်္ဂလာဆောင်တွေ
မလုပ်ရတာကြောင့်လည်း ဖြစ်မယ် ထင်ပါတယ်။ ဒီနှစ် စျေး သိပ်မရဘူး။” ဟု လိုင်ချီးသီးပင်စိုက်
တောင်သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်တွင်
လိုင်ချီးသီး တစ်ကီလိုလျှင် လက်လီစျေး ၂၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပြီး အိမ်တိုင်ရာရောက်
အဖြစ် ၅ ကီလို မှာယူပါက တစ်ကီလိုလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။
.