တောင်ကြီးတွင် ရှမ်းပြည်နယ်ရှေ့နေများအသင်းက ဆန်နှင့် Mask များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 30, 2020

တောင်ကြီးတွင် ရှမ်းပြည်နယ်ရှေ့နေများအသင်းက ဆန်နှင့် Mask များ လှူဒါန်း


စုလှိုင်
.
ရှမ်းပြည်နယ် ရှေ့နေများအသင်းမှ ယနေ့ (မေလ ၃၀ ရက်) က တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်းရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်တို့တွင် ဆန်နှင့် Mask များ လှူဒါန်း ခဲ့ကြောင်း သိရသည်။
.
“ ရွှေတောင်ရပ်ကွက်က အိမ်ထောင်စု ၃၀၀ နဲ့ စိန်ပန်းရပ်ကွက်က အိမ်ထောင်စု ၁၅၀ ကို တစ်အိမ်ထောင်ကို ဆန် ၄ ပြည်နဲ့ mask တွေကို လှူခဲ့ပါတယ်။” ဟု ရှမ်းပြည်နယ် ရှေ့နေများ အသင်း မှ ရုံးအဖွဲ့မှူး ဒေါ်အေးအေးအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ကူးစက်ရောဂါ ကာလအတွင်း ရှမ်းပြည်နယ် ရှေ့နေများအသင်းမှ ပထမဆုံးအကြိမ် အဖြစ် လှူဒါန်းခြင်း ဖြစ်ပြီး အခြေခံ လူတန်းစား စုစုပေါင်း အိမ်ထောင်စု ၄၅၀ ကို လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေ ၂၅၅၀၀၀၀ ကျပ် ရှိကြောင်း သိရသည်။
.

ရှမ်းပြည်နယ် ရှေ့နေများအသင်းသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ရှမ်းပြည်နယ် မှတ်ပုံတင်ရေးအဖွဲ့၏ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် မှတ်ပုံတင်လက်မှတ်ကို ရရှိခဲ့ပြီး အသင်းဝင် ရှေ့နေ စုစုပေါင်း ၅၀၀ ကျော်ခန့် ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About