တောင်ကြီးတွင် Quarantine ဝင်နေသူ တစ်ဦး ဖျား​နေသဖြင့် စဝ်စံထွန်း​ဆေးရုံ၌ အသွားအလာ ကန့်သတ်ထား - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, May 31, 2020

တောင်ကြီးတွင် Quarantine ဝင်နေသူ တစ်ဦး ဖျား​နေသဖြင့် စဝ်စံထွန်း​ဆေးရုံ၌ အသွားအလာ ကန့်သတ်ထား

စုလှိုင်
.
တောင်ကြီးမြို့ရှိ မိုးကုတ်ရိပ်သာ၌ Quarantine ဝင်နေသော အမျိုးသား တစ်ဦးမှာ ဖျား​နေသဖြင့် ယနေ့ (မေလ ၃၁ ရက်) တွင် စဝ်စံထွန်း ဆေးရုံသို့ ပို့​​ဆောင်ကာ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.

" သူက ဖျားလိုက် ပျောက်လိုက် ဖြစ်နေတာ တစ်လလောက် ရှိပြီ ။ သွေးတိုးလည်း ရှိတယ်။ အခု သူက ဒီကို ရောက်​တော့ အဖျားလည်း ရှည်တယ်။ အဲဒါနဲ့ စဝ်စံထွန်း ဆေးရုံက တာဝန်ရှိတဲ့ သမားတော်တွေနဲ့ တိုင်ပင်ပြီးတော့ လူနာကို စဝ်စံထွန်း ဆေးရုံကို ပို့လိုက်တာ ။ စောင့်ကြည့် လူနာတော့ မဟုတ်ဘူး။ ခုလောလောဆယ် Hospital Quarantine ပေါ့။ ဆေးရုံမှာ အသွားအလာ ကန့်သတ်လိုက်တာ ။ ဓာတ်ခွဲ နာမူနာ မပို့ရသေးဘူး။ ဇွန်လ ၃ ရက်မှ ယူမယ်လို့ လုပ်ထားတယ်။”ဟု ရှမ်းပြည်နယ် ပြည့်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၄င်းသည် မေလ ၂၇ ရက်၌ မြဝတီမြို့မှ ပြန်လည် ရောက်ရှိလာပြီး တောင်ကြီးမြို့ရှိ မိုးကုတ် ဝိပသာနာ ရိပ်သာတွင် Quarantine ၂၁ ရက် ဝင်ရောက်နေသော ဆီဆိုင်မြို့နယ် ဇာတိ၊ အသက် ၂၅ နှစ်အရွယ် အမျိုးသား ဖြစ်​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)