ည မထွက်ရအမိန့် အချိန်ကို မေလ ၁၅ ရက်မှ စတင်၍ ည ၁၂ နာရီသို့ ရွှေ့ဆိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ည မထွက်ရအမိန့် အချိန်ကို မေလ ၁၅ ရက်မှ စတင်၍ ည ၁၂ နာရီသို့ ရွှေ့ဆိုင်း


ထက်တိုင်းကျော်
.
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ထုတ်ပြန်ထားသည့် ည မထွက်ရ Curfew အမိန့်၏ အချိန်ကာလကို မေလ ၁၅ ရက်မှ စတင်၍ ည ၁၂ မှ နံနက် ၄ နာရီသို့ ပြင်ဆင် သတ်မှတ်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရထံမှ သိရသည်။
.
ည ၁၂ မှ နံနက် ၄ နာရီထိဆိုတော့ အချိန် ၂ နာရီလောက် လျှော့လိုက်တာပေါ့။” ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ထို့အတူ ရှမ်းပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးနေလင်း မှလည်း ည မထွက်ရအမိန့် အချိန်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြောင်းလဲမည် ဖြစ်ကာ ရှမ်းပြည်နယ်အစိုးရ ကွပ်ကဲမှုအောက်ရှိ မြို့နယ် အသီးသီးသို့ ညွှန်ကြားချက် ထုတ်ပြန်သွားမည် ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် ညမထွက်ရအမိန့်ကို ရှမ်းပြည်နယ် COVID-19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယခင် ဧပြီလ ၂၀ ရက်က ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုတွင် COVID-19 ကာကွယ်၊ ထိန်းချူပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မတီ၏ လမ်းညွှန်မှုအရ ပြင်ဆင် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats