အောင်ပန်းတွင် လင်မယား ရန်ဖြစ်သည်ကို ဆုံးမခဲ့သည့် အမျိုးသား ကပ်ကြေးဖြင့် အထိုးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် လင်မယား ရန်ဖြစ်သည်ကို ဆုံးမခဲ့သည့် အမျိုးသား ကပ်ကြေးဖြင့် အထိုးခံရ


နန်းဝင်းရီ
.
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ မေလ ၆ ရက်တွင် အမျိုးသား ဖြစ်သူမှ ဇနီးဖြစ်သူအား ဆဲဆိုသည်နေကို ဝင်ရောက် တားမြစ်၍ ဆုံးမခဲ့သည့် အမျိုးသား တစ်ဦး ကပ်ကြေးဖြင့် အထိုးခံခဲ့ရကြောင်း သိရသည်။
.
အခင်း ဖြစ်ပွားရာ နေရာ

အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ ဝင်းမင်းဦးသည် အောင်ပန်းမြို့ရှိ ဟိုက်ဒရိုကွင်း၌ ထမင်းချိုင့် လာပို့သည့် ဇနီးဖြစ်သူအား ဆဲဆိုနေစဉ် အနီးရှိ ဦးအေးလွင်နှင့် မင်းမင်းထွန်းတို့မှ မဆဲသင့်ကြောင်း ပြောဆို ဆုံးမခဲ့သဖြင့် ဝင်းမင်းဦးမှ ယင်းနေရာမှ ထွက်ခွာသွားသော်လည်း နေ့လယ်ပိုင်းတွင် ပြန်လည် ရောက်ရှိလာပြီး မင်းမင်းထွန်းနှင့် စကားများ၍ ခိုက်ရန် ဖြစ်ပွားရာ ဝင်းမင်းဦးမှ အသင့် ပါလာသည့် ကပ်ကြေးဖြင့် မင်းမင်းထွန်းအား ထိုးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
ယင်းကဲ့သို့ ကပ်ကြေးဖြင့် အထိုးခံရမှုကြောင့် မင်းမင်းထွန်း၏ ဝဲဘက်ရင်အုံ၌ ထိုးသွင်းဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် အောင်ပန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးနေပြီး ကပ်ကြေးဖြင့် ထိုးခဲ့သူ ဝင်းမင်းဦးအား အောင်ပန်းနယ်မြေ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်  အမှုဖွင့်၍ ဖမ်းဆီးထားကြောင်း သိရသည်။
.

Journal Download

Photo of three cats