စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အမှတ်(၂) ရပ်ကွက်၌ မေလ ၁၂
ရက်က အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးက အသက်မပြည့်သေးသော မိန်းကလေး ၂ ဦးအား သားမယားအဖြစ်
ပြုကျင့်ခဲ့ကြောင်း သိရသည်။
.
.
ကလောမြို့၊ အမှတ်( ၂) ရပ်ကွက်နေ ဦးဝင်းရင် အသက် (၆၀) နှစ်သည် တစ်ရပ်ကွက်တည်းနေ
အသက် ၇ နှစ်နှင့် ၈ နှစ် အရွယ် မိန်းကလေး ၂ ဦးအား ရပ်ကွက်ရေစက် အနီးရှိ လူ မနေသည့်
တဲအတွင်းသို့ ခေါ်ဆောင် သွားလေ့ရှိကြောင်း သိရသဖြင့် အုပ်ထိန်းသူများက မေးမြန်းရာ ကျွဲရိုင်း
ချိုချဥ် တစ်လုံး၊ ကြက်ဥ တစ်လုံးနှင့် ငွေကျပ် ၁၀၀ စီ ပေး၍ သားမယားအဖြစ် ၃ ကြိမ် ပြုကျင့်ခဲ့သည်ဟု
ပြောဆိုခဲ့သဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"တရားခံကို ဖမ်းထားပြီ ၊ မုဒိမ်းမှု ၃၇၆ နဲ့ အရေးယူမှာပါ
” ဟု ကလောမြို့မ ရဲစခန်းမှ ရဲအုပ် လှနိုင် မှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မိဘ အုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသော ကလေးသူငယ်များအား
သားမယားအဖြစ် ပြုကျင့်သူ ဦးဝင်းရင် အား ကလောမြို့မ ရဲစခန်းမှ (ပ) ၇၃/၂၀၂၀ ရာဇသတ်ကြီး
ပုဒ်မ ၃၇၆/ ၃၆၃ ဖြင့် ဖမ်းဆီး ချူပ်နှောင်၍ အရေးယူထားကြောင်း သိရသည်။
.