.
သေဆုံးသူသည် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊
နယ်မြေ(၁)၊ ရန်အောင်မြင်လမ်းသွယ်နေ အသက် ၁၆ နှစ်အရွယ် ထက်အောင် ဆိုသူ လူငယ် တစ်ဦး
ဖြစ်ကာ ၎င်း၏ ဆိုင်ကယ် ပျောက်ဆုံးမှုအား အိမ်နီးချင်းဖြစ်သူ ဒေါ်မူမူလင်း သိရှိသည်ဟု
ပြောဆိုခဲ့သဖြင့် အပြန်အလှန် စကားများပြီး ဒေါ်မူမူလင်းမှ နေအိမ်ရှိ ကြက်သွန်လှီး
စတီးလ်ဓါးဖြင့် ထက်အောင်၏ ရင်ညွန့်သို့ ထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဒေါ်မူမူလင်းမှ ဓါးဖြင့်
ထိုးခြင်းကြောင့် ထက်အောင်၏ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ ရရှိကာ တောင်ကြီး
စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်စဉ် ည ၇ နာရီကျော်ခန့်၌ ရရှိသော ဒဏ်ရာဖြင့် သေဆုံး
သွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ လူသတ်မှု ကျူးလွန်သူ ဒေါ်မူမူလင်းအား
တောင်ကြီးမြို့မရဲစခန်းမှ (ပ)၄၃၈/၂၀၂၀၊ ရာဇသတ်ကြီး
ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီး၍ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။