အောင်ပန်းမြို့၊ သာမိုင်ခမ်းရွာတွင် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, May 24, 2020

အောင်ပန်းမြို့၊ သာမိုင်ခမ်းရွာတွင် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံး


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာတွင် မေလ ၂၄ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
.

သာမိုင်းခမ်းကျေးရွာတွင် အိမ်ငှားနေထိုင်သူ အောင်မိုးဟိန်း သည် နေအိမ်၌ မီးသွေးမီးဖိုဖြင့် ထမင်းအိုး တည်၍ မီးငြိမ်းသတ်မှု မပြုဘဲ အလုပ်သွားစဉ် မီးဖိုမှတဆင့် နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းမှုအား ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ သွပ်ကာ၊ ကြမ်းခင်း တဲအိမ် တစ်လုံး ပျက်ဆီးဆုံးရှုံးခဲ့ရပြီး မီး ပေါ့ဆစွာ သုံးစွဲသူ အောင်မိုးဟိန်းအား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ)၁၀၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်၍ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About