COVID-19 ပိုးတွေ့လူနာအသစ် ၃ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, May 26, 2020

COVID-19 ပိုးတွေ့လူနာအသစ် ၃ ဦး တွေ့ရှိ



COVID-19 ပိုးတွေ့လူနာအသစ် ၃ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (မေလ ၂၆ ရက်)၊ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ အတည်ပြုလူနာများမှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ အသက် ၃၉ နှစ်အရွယ် အမျိုးသား၊ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၆၆ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကာ ၎င်းတို့သည့် ပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိသော်လည်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ဖူးသူများ ဖြစ်ကာ ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၆၇၀ ခုအနက် ၃ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး ယခင် အတည်ပြုလူနာအမှတ် (၅၂) ၏ ဓါတ်ခွဲနမူနာတွင် ၂ ကြိမ်ဆက် COVID-19 ပိုး မတွေ့ရတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၂၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၀၆ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၂၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၆ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About