ရန်ကုန်နှင့် နေပြည်တော်တွင် COVID-19 ပိုးတွေ့လူနာ အသစ် ၂ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

ရန်ကုန်နှင့် နေပြည်တော်တွင် COVID-19 ပိုးတွေ့လူနာ အသစ် ၂ ဦး တွေ့ရှိ


ရန်ကုန်နှင့် နေပြည်တော်တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၂ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၂၅ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြုလူနာ အသစ်များအနက် လူနာအမှတ်(၂၀၂)မှာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်မှ အသက် ၃၉ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး၊ လူနာအမှတ်(၂၀၃)မှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်မှ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကာ ၎င်းတို့ ၂ ဦးသည် ယခင်အတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိသော်လည်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် ရှိသူများ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၄၀၂ ခုအနက် ၂ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး ယခင် အတည်ပြုလူနာအမှတ် (၁၃၄) ၏ ဓါတ်ခွဲနမူနာတွင် ၂ ကြိမ်ဆက် COVID-19 ပိုး မတွေ့ရတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁၉ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၀၃ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၂၃ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၆ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About