မြန်မာနိုင်ငံတွင် ၂ လအတွင်း COVID-19 ပိုးတွေ့ လူနာ ၂၀၁ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 23, 2020

မြန်မာနိုင်ငံတွင် ၂ လအတွင်း COVID-19 ပိုးတွေ့ လူနာ ၂၀၁ ဦး တွေ့ရှိ



COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (မေလ ၂၃ ရက်) ည ၈ နာရီ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၂ လအတွင်း COVID-19 ပိုးတွေ့အတည်ပြုလူနာ ၂၀၁ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၃ ရက်တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာအမှတ်(၁) ဖြစ်သည့် အမေရိကန်နိုင်ငံမှ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသော အသက် ၃၆ နှစ်အရွယ် အမျိုးသားတွင် ပိုးစတင် တွေ့ရှိခဲ့ခြင်း ဖြစ်ရာ ယနေ့ မေလ ၂၃ ရက်ထိ ၂ လတာအတွင်း ပိုးတွေ့အတည်ပြုလူနာ ၂၀၁ ဦးကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
.
COVID-19 နှင့် ပတ်သက်၍ စုစုပေါင်း ၁၇၈၇၅ ဦး၏ ဓါတ်ခွဲနမူနာများကို ဓါတ်ခွဲစစ်ဆေးရာ ၂၀၁ ဦးတွင် ပိုးတွေ့ရခြင်း ဖြစ်ပြီး ယင်းတို့အနက် ၆ ဦး သေဆုံး၍ ပြန်လည်သက်သာလာသူ ၁၂၀ ဦး ရှိခြင်းကြောင့် ၇၅ ဦးသာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
.
ရှမ်းပြည်နယ်တွင်မူ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇ ဦးတွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၆ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ၁ ဦးသာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ပြီး ၎င်းလူနာမှာ ကျိုင်းတုံဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် မိုင်းဖြတ်မြို့မှ လူနာအမှတ်(၆၄) ဖြစ်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား ဖြစ်သည်။
.
ကမ္ဘာ့နိုင်ငံများ အားလုံးတွင်မူ ယနေ့ (မေလ ၂၃ ရက်)၊ နံနက် ၉ နာရီခွဲထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၅၀၆၁၄၇၆ ဦး တွေ့ရှိထားပြီး ယင်းတို့အနက် ၃၃၁၄၇၅ ဦးမှာ သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About