COVID-19 လူနာများအနက် ပြန်လည် သက်သာလာသူ ၆ ဦး ရှိ၊ ပိုးတွေ့သူ အသစ် မရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 2, 2020

COVID-19 လူနာများအနက် ပြန်လည် သက်သာလာသူ ၆ ဦး ရှိ၊ ပိုးတွေ့သူ အသစ် မရှိ


COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မတွေ့ရှိကြောင်းနှင့် ပိုးတွေ့ အတည်ပြုလူနာများအနက် ပြန်လည် သက်သာလာသူ (ထပ်တိုး) ၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (မေလ ၂ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၁၅၁ ဦးအနက် ပြန်လည်သက်သာလာသူ စုစုပေါင်း ၃၇ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လည် သက်သာလာသူများမှာ လူနာအမှတ် (၅၃)၊ (၇၀)၊ (၇၁)၊ (၇၃)၊ (၇၅)နှင့် (၈၅)တို့ ဖြစ်ပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာများအား စစ်ဆေးမှု ပြုလုပ်ရာတွင် ၂ ကြိမ်ဆက်တိုက် ပိုး မတွေ့ရတော့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၂ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၅၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About