ရှမ်းပြည်နယ်တွင် ညမထွက်ရ အမိန့်ဖောက်ဖျက်၍ အရေးယူထားသူ ၁၀၀ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တွင် ညမထွက်ရ အမိန့်ဖောက်ဖျက်၍ အရေးယူထားသူ ၁၀၀ ဦး ရှိ


စုလှိုင်
.
ရှမ်းပြည်နယ်အတွင်း၌ ညမထွက်ရ အမိန့်အား ဖောက်ဖျက်သဖြင့် မေလ ၁၆ ရက်အထိ အရေးယူထားသူ ၁၀၀ ဦး ရှိကြောင်း သိရသည်။
.
“ ည မထွက်အမိန့် ဖောက်ဖျက်လို့ အရေးယူထားတာ လူကြီး ၁၀၀ ဦး ရှိပါတယ်။ ကလေးသူငယ် ၆ ဦးကိုတော့ အသက် မပြည့်သေးလို့ သတိပေးပြီး မိဘအုပ်ထိန်းသူတွေဆီ ပြန်အပ်ခဲ့ပါတယ်။” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ညမထွက်အမိန့် ဖောက်ဖျက်သူများမှာ တောင်ကြီးခရိုင်အတွင်းမှ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၁၀ ဦး၊ လင်းခေးခရိုင်အတွင်းမှ အမျိုးသား ၁ ဦး၊ လားရှိုးခရိုင်အတွင်းမှ အမျိုးသား ၅ ဦး၊ ကျောက်မဲခရိုင် အတွင်းမှ အမျိုးသား ၁ ဦး၊ ကျိုင်းတုံခရိုင် အတွင်းမှ အမျိုးသား ၂၃ ဦး၊ တာချီလိတ်ခရိုင်အတွင်းမှ အမျိုးသား ၁၆ ဦး၊ စုစုပေါင်း ၁၀၀ ဦးနှင့် အရွယ် မရောက်သေးသော ကလေးသူငယ် ၆ ဦး ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရ အမိန့်အား ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ထားပြီးနောက် မေလ ၁၅ ရက်တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ပြင်ဆင်ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats