အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တွင် COVID-19 လူနာ ၂ ဦး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်တွင် COVID-19 လူနာ ၂ ဦး တွေ့


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၁၀ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၂၀၅ ခု အနက် ၂ ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကာ အဆိုပါ အတည်ပြုလူနာအမှတ်(၁၇၉)နှင့် (၁၈၀)တို့မှာ ယခင်အတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိ၍ လတ်တလောတွင် အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ပိုးတွေ့ အတည်ပြုလူနာများ ဖြစ်သည့် လူနာအမှတ်(၉၈)၊ (၁၄၁)၊ (၁၄၂)နှင့် (၁၄၄)တို့၏ ဓါတ်ခွဲ နမူနာများတွင် ၂ ကြိမ်ဆက်တိုက် COVID-19 ပိုး မတွေ့ရှိတော့ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၈၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၇၂ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats