ရခိုင်ပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာ အသစ် ၁ ဦး တွေ့ရှိ၊ သက်သာလာသူ ၄ ဦးရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရခိုင်ပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာ အသစ် ၁ ဦး တွေ့ရှိ၊ သက်သာလာသူ ၄ ဦးရှိ


ရခိုင်ပြည်နယ်တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁ ဦး တွေ့ရှိကြောင်းနှင့် ပြန်လည် သက်သာလာသူ ၄ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၁၈ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၃၅၈ ခုအနက် ၁ ဦး၏ ဓါတ်ခွဲနမူနာတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး ယခင် အတည်ပြုလူနာအမှတ် (၃၆)၊ (၄၈)၊ (၈၈)နှင့် (၁၁၄) တို့၏ ဓါတ်ခွဲနမူနာများတွင် ၂ ကြိမ်ဆက် COVID-19 ပိုး မတွေ့ရတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ အတည်ပြုလူနာအမှတ် (၁၈၈)သည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး မလေးရှား နိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိသူ ဖြစ်ကာ ပိုးတွေ့လူနာများနှင့်လည်း ထိတွေ့မှု မရှိသူ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၁၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၈၈ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၀၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats