COVID -19 အတည်ပြုလူနာ အမှတ်(၁၇၉)သည် သတင်းထောက် တစ်ဦး ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, May 14, 2020

COVID -19 အတည်ပြုလူနာ အမှတ်(၁၇၉)သည် သတင်းထောက် တစ်ဦး ဖြစ်


မင်းဇော်မင်း
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေလ ၁၀ ရက်၊ ည ၈ နာရီ ထုတ်ပြန်ချက်၌ ပါရှိသည့် COVID-19 ပိုးတွေ့ အတည်ပြုလူနာ အမှတ်(၁၇၉)သည် ယခင်လူနာအမှတ် (၁၇၇)နှင့် ထိတွေ့မှု ရှိခဲ့သည့် သတင်းထောက် တစ်ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံမှ သိရသည်။
.
“ Positive တွေ့တဲ့ သတင်းထောက်က အလုပ်သင် သတင်းထောက် (Intend Reporter) လို့ ပြောပါတယ်၊ အမြဲတမ်း သတင်းထောက်တော့ မဟုတ်ဘူး။ Hear Myanmar က နိုင်ငံခြားသား ပိုင်တာပေါ့။ အဲဒီပိုင်ရှင်နဲ့ ခင်တော့ Intend Presenter အနေနဲ့ သူ လာလုပ်တယ်။ သူတို့က အင်းစိန်မှာ နေတယ်၊ အခု Quarantine ဝင်နေတာက Hear Myanmar က သတင်းထောက်ရယ်၊ ပရိုဂျူဆာရယ်၊ နောက် တစ်ယောက်ရယ်၊ ပိုင်ရှင် စင်္ကာပူနိုင်ငံသားနဲ့ ၄ ယောက်လား ၅ ယောက်လား မသိဘူး။ အဲဒီ သတင်းထောက်နဲ့တော့ အဆက်အသွယ် ရတယ်။ သူက လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ဆက်တာ၊ သူ Quarantine ဝင်ရတယ် ဆိုတာကို။ ” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဦးမြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ်(၁၇၉)မှာ အသက် ၂၁ အမျိုးသား သတင်းထောက် တစ်ဦး ဖြစ်ပြီး လူနာအမှတ် (၁၇၇)ဖြစ်သည့် အသက် ၈၄ နှစ်အရွယ် အမျိုးသမီးနှင့် ထိတွေ့မှု ရှိသူ ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ သတင်းထောက်နှင့် အင်တာဗျူး ပြုလုပ်ခဲ့သည့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတွင် COVID-19 ပိုးတွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁၃ ရက်၊ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About