မရမ်းကုန်းမြို့နယ်တွင် COVID-19 လူနာ တစ်ဦး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, May 9, 2020

မရမ်းကုန်းမြို့နယ်တွင် COVID-19 လူနာ တစ်ဦး တွေ့



ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် တစ်ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (မေလ ၉ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၂၇၃ ခုအနက် တစ်ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကာ အဆိုပါ အတည်ပြုလူနာအမှတ်(၁၇၈)မှာ မရမ်းကုန်းမြို့နယ်မှ အသက် ၄၉ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ယခင်အတည်ပြုလူနာ အမှတ် (၉၈) နှင့် ထိတွေ့မှု ရှိ၍ လတ်တလောတွင် အသွားအလာ ကန့်သတ်ထားသူ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (မေလ ၉ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၇၈ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၆၈ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About