ခွန်အာကာ
.
တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့
တိုက်နယ်ပြည်သူ့ဆေးရုံအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို မေလ ၁၅ ရက်၊ နေ့လယ်ပိုင်းက
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်
အလှူရှင်များက ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
“ကျွန်မတို့ ဆေးရုံအတွက်
လိုအပ်နေတဲ့ ပစ္စည်းများကို ထောက်ပံ့ လှူဒါန်းပေးတဲ့ အလှူရှင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။
အခု ကိုရိုနာဗိုင်းရပ်စ်ကာလမှာ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်/ သူနာပြုတွေအတွက်
လိုအပ်နေတဲ့ ဆေးရုံသုံး ပိုးသတ်ဝတ်စုံနှင့် အဝတ်လျှော်စက်တို့ကို လှူဒါန်း
ပေးတဲ့အတွက် ဝန်ထမ်း မိသားစုတွေကို တစ်ဘက်တစ်လမ်းကနေ ကူညီရာ ရောက်ပါတယ်” ဟု
ကျောက်တလုံးကြီး တိုက်နယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံ ဒေါက်တာ ဒေါ်ကြည်ကြည်ဟန်က ပြောသည်။
.
အဆိုပါ လှူဒန်းခဲ့သည့် ဆေးဝါးနှင့်
အထောက်အကူပြု ပစ္စည်းများမှာ Infra Red Thermometer ၁ လုံး၊ Surgical
Glove ၂ ဘူးနှင့် Hand Gel 500 ml ၁၀ ဘူး၊ ငွေကျပ်
၅ သိန်းတန်ဖိုးရှိ သွေးပေါင်ချိန်တိုင်းကိရိယာ ၂ ခု၊ ဆေးဝါးများနှင့် အဝတ်ရှည်စက် ၁
လုံး၊ ဆေးရုံသုံးပိုးသတ်ဝတ်စုံ (Scrub Suite) ၁၀ စုံတို့
ဖြစ်ပြီး ကျောက်တလုံးကြီးမြို့ မြို့မိမြို့ဖများနှင့် တိုက်နယ် ပြည်သူ့ဆေးရုံမှ
တာဝန်ခံ ဒေါက်တာ ဒေါ်ကြည်ကြည်ဟန်တို့က လက်ခံခဲ့ကြောင်း သိရသည်။
.