ကျိုင်းတုံ၌ ညမထွက်ရ အမိန့် ဖောက်ဖျက်သူ ၃ ဦးအား ဖမ်းဆီးထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံ၌ ညမထွက်ရ အမိန့် ဖောက်ဖျက်သူ ၃ ဦးအား ဖမ်းဆီးထား

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မေလ ၉ ရက်၊ ညပိုင်းက ညမထွက်ရ အမိန့် ဖောက်ဖျက်သူ အမျိုးသား ၃ ဦးကို ကျိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး တရားစွဲ တင်ရန် စီစဉ်ထားကြောင်း သိရသည်။
.
အဆိုပါ ည မထွက်ရ အမိန့်အား ဖောက်ဖျက်ခဲ့သည့် အမျိုးသားများမှာ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်၌ နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။
.

“ ရုံး ပိတ်ရက် ဖြစ်တဲ့ စနေနေ့ ညမှာ ဖမ်းမိတာဆိုတော့ လောလောဆယ် ရဲစခန်းအချုပ်ထဲမှာပဲ ထိန်းသိမ်းထားပါတယ်။ တနင်္လာနေ့ ရုံးဖွင့်တော့မှ မြို့နယ်တရားရုံးမှာ စွဲတင်မှာ ဖြစ်ပါတယ်။” ဟု ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဧပြီလ ၂၀ ရက်မှ စတင်၍ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်တွင် အမျိုးသား ၅ ဦးကို လည်းကောင်း၊ မေလ ၈ ရက်တွင် အမျိုးသား ၆ ဦးကိုလည်းကောင်း ည မထွက်ရ အမိန့် ဖောက်ဖျက်ခဲ့သဖြင့် ကျိုင်းတုံမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ လစီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats