တောင်ကြီးမြို့တွင် လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, May 25, 2020

တောင်ကြီးမြို့တွင် လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံး



.
တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၌ မေလ ၂၄ ရက်၊ ည ၇ နာရီခွဲခန့်က လူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူမှာ ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ(၁၁)၊ ကျောက်တွင်းလမ်းနေ အသက် ၁၉ နှစ်အရွယ် ကိုမျိုးဇေယျာအောင် ဖြစ်ပြီး မိဘများမှာ နောက်အိမ်ထောင် ပြု၍ စိတ်ကျရောဂါ ခံစားနေရသူ ဖြစ်ကာ၊ ၎င်း၏ နေအိမ် အိပ်ခန်းအတွင်း အမြင့် ၆ ပေခွဲခန့်ရှိ ထုတ်တန်းတွင် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးမှု ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တောင်ကြီးနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၂၀ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About