ရွှေရည်ဦး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ထောက်ပံ့ပစ္စည်းများနှင့် ငွေသားတို့ကို
ဧပြီလ ၂၇ ရက်က သွားရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထိုသို့ ထောက်ပံ့ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား
ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ရွာငံပြည်သူ့ဆေးရုံအတွက် ထောက်ပံ့ငွေကျပ်
၅ သိန်း၊ PPE ဝတ်စုံ ၆၀၊ နှာခေါင်းစည်း ၂၀၀၊ ဖိနပ် ၅
ရံ၊ မျက်မှန် ၁၀ ခု၊ သာမိုမီတာ ၂ ခု၊ ဆေးဖြန်း ပေါင်ဒါ ၁ ပုံးနှင့် မြိုင်အခြေခံပညာအထက်တန်းကျောင်းရှိ
Quarantine အတွက် ငွေကျပ် ၂ သိန်း၊ မြိုင်တိုက်နယ်ဆေးရုံအတွက်
အောက်ဆီဂျင်ပေးစက် ၁ လုံးတို့ကို ပေးအပ်လှူဒါန်းရာ ရွာငံမြို့နယ်အုပ်ချုပ်ရေး မှူး၊
မြို့နယ်ဆရာဝန်ကြီး၊ မြိုင်တိုင်နယ်ဆရာဝန်၊ မြိုင်အုပ်စု အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ကြောင်း
သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွာငံမြို့နယ်အတွက်
ယခု ထောက်ပံ့ လှူဒါန်းမှုသည် ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း ရွာငံမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းထံက သိရသည်။
.