ရွာငံတွင် ပရဟိတလူငယ်များအား COVID-19 ကာကွယ်ရေး သင်တန်းပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံတွင် ပရဟိတလူငယ်များအား COVID-19 ကာကွယ်ရေး သင်တန်းပေး


ရွှေရည်ဦး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ COVID-19 စောင့်ကြည့်ရေးစခန်းများ တွင် ပရဟိတ ဆောင်ရွက်ပေးနေသည့် လူငယ်များအား ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်ဝင်းလတ်မှ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
.
.
“အရေးကြီးဆုံးက ကူညီကယ်ဆယ်မယ့်သူ လုံခြုံဖို့လိုပါတယ်။ ကူညီမယ့်သူ မလုံခြုံဘူးဆိုရင် သူက သယ်ဆောင် ဖြန့်ဖြူးသူဖြစ်သွားရင်တော့ မတွေးရဲစရာပါ။ စေတနာပါပြီး ပညာမပါရင်တော့ အားလုံး ဝေဒနာတွေ ဖြစ်ကုန်မှာပေါ့” ဟု ရွာငံမြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်ဝင်းလတ်က ပြောသည်။
.
အဆိုပါ သင်တန်းကို ဧပြီလ ၁၉ ရက်မှ ၂၂ ရက်အထိ ၄ ရက်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ထို့အတူ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကလည်း “ဆရာခွန်ရဲ့ သင်တန်းကနေ Volunteer လုပ်မယ့် ညီအစ်ကိုမောင်နှမတွေအတွက် COVID-19 ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးအတွက် အများ ကြီးအထောက်အကူဖြစ်စေပါတယ်။ သင်တန်းတက်ပြီးသူများကလည်း ပြန်လည်ဝေမျှပေးရင် အကောင်းဆုံးဖြစ်မှာပါ” ဟု ပြောသည်။
.
အဆိုပါ သင်တန်းကာလအတွင်း သင်တန်းသား/သူများအတွက် နေ့စဉ် ကော်ဖီနှင့် ထမင်းအာဟာရဒါနကို ရွာငံမြို့ နေ ကိုငွေထွန်း+မတူးမာ (ဉာဏ်ကြီးရှင်ကော်ဖီမိသားစု) မှ လှူဒါန်းကျွေးမွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရွာငံမြို့ပေါ်တွင် Facility Quarantine စောင့်ကြည့်ရေးစခန်း ၃ ခုရှိပြီး အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသူ ၁၅ ဦး ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats