နန်းဝင်းရီ
.
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊
ရန်ကုန်အနောက်ပိုင်း ခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင် အတွင်းရှိ COVID -19 အတည်ပြုလူနာများ နေထိုင်သည့် နေရာများကို အသွားအလာ
ကန့်သတ်တားမြစ်ခြင်း (Lockdown) ကို ဧပြီလ ၁၄ ရက်တွင် ပြုလုပ်ထားကြောင်း
ရန်ကုန်တိုင်းဒေသကြီး COVID -19 ထိန်းချုပ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။
.
အဆိုပါ Lockdown ပြုလုပ်သည့် နေရာများမှာ ခြံအမှတ် (၃၂)နှင့် ခြံအမှတ်
(၂၄)၊ အမှတ်(၁၅) ရပ်ကွက်၊ သံသုမာလမ်းနှင့် ဇီဇဝါဥယျာဉ်အိမ်ရာ၊
တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (မ/၂)နှင့် (မ/၄)၊ အမှတ်(၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊
မရမ်းကုန်းမြို့နယ်၊ အမှတ် (၄/၁၉)၊ အမှတ် (၄)ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊
မရမ်းကုန်းမြို့နယ်၊ ပုလဲကွန်ဒို(ဘီ)၊ အခန်း(၈၂)ခန်း၊ ဆရာစံရပ်ကွက်၊
ကမ်ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ အမှတ်(၉၇၆)၊
ကျမ်းစာသင်ကျောင်းလမ်း၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ (ဗေသလ
နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း)၊ အမှတ် (၁၀၂၃)၊ အခန်း (၄-အေ)၊
ကျမ်းစာသင်ကျောင်းလမ်း၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ အမှတ် (၁၀၀၅)၊
သုမေတ္တာလမ်း၊ ခတ္တာလမ်းသွယ်၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊
သာယာအေး(၂)လမ်း၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ အမှတ် (၄၆)၊ အမှတ်
(၁)ရပ်ကွက်၊ မိချောင်းအိုင်ရွာ၊ ရတနာမိုးလမ်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၃၁၈)၊
သမိန်ဗရမ်းလမ်း၊ အမှတ် (၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်
တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များအား
လိုက်နာရန် ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)နှင့် အမှုတော်ဆောင်
ဦးစောရေဂန်ဒီတို့အား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့သောကြောင့်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အင်းစိန်မြို့မရဲစခန်းမှ (ပ)
၇၀၆/၂၀၂၀ ဖြင့် လည်းကောင်း၊ ဦးစောဒေးဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟောဆရာ)နှင့်
ဦးဝေထွန်း (နဝရတ်တေးသံသွင်း)တို့အား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေး ပြုလုပ်ခဲ့မှုအပေါ်
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ မရမ်းကုန်းမြို့မရဲစခန်းမှ အမှု အမှတ် (ပ)
၅၈၃/၂၀၂၀ ဖြင့်လည်းကောင်း ဧပြီလ ၁၄ ရက်နေ့တွင် အမှုဖွင့်လှစ်ထားရှိကြောင်းကိုလည်း
ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဧပြီလ ၁၄ ရက်၊ နံနက် အစောပိုင်းထိ COVID-19 အတည်ပြုလူနာ ၆၂ ဦး
ရှိကာ ယင်းအနက် ရန်ကုန်တိုင်းဒေသကြီးမှ ၄၇ ယောက် ရှိကာ ၇၆ ရာခိုင်နှုန်းဖြင့်
အများဆုံး ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။