စိုင်းသိင်္ခသူ
.
နိုင်ငံတော်
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစုအပါအဝင် လူ အယောက် ၃၀ ကျော်ကို ဧပြီလ ၁၄ ရက်က
ဓါတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ အားလုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ဧပြီလ ၁၅ ရက်တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌
ရေးသားထားခဲ့သည်။
.
.
ဦးဇော်ဌေးက
၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ဒုတိယသမ္မတကြီးနှင့် မိသားစုဝင်များ၊ အနီးကပ်ထိတွေ့ရသည့်
ဝန်ထမ်းများ အားလုံးကို ယမန်နေ့က ဓါတ်ခွဲနမူနာ ရယူပြီး စစ်ဆေးခဲ့ကြောင်း ရှင်းလင်းထားပြီးဖြစ်ပါတယ်။
ဒီကနေ့မနက်အစောမှာ အဖြေသိရှိ ခဲ့ရပါတယ်။ ဓါတ်ခွဲနမူနာယူ စစ်ဆေးသူအားလုံး ၃၂ ဦးရှိပြီးတော့
၃၂ ဦးလုံးမှာ ရောဂါပိုး မတွေ့ရှိရပါ။ နိုင်ငံတော် အကြီးအကဲများရဲ့ သတင်းမေးမြန်းလာခြင်းအပေါ်
ဖြေကြားပေးခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ စစ်ဆေးချက် အဖြေတွေကိုတော့ သက်ဆိုင်တဲ့
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ” ဟု ရေးသားထားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဓမ္မဆရာ ဒေးဗစ်လားတို့ ပါဝင်သည့် ဓါတ်ပုံများ လူမှုကွန်ရက်တွင်
ပျံ့နှံ့လာမှုနှင့် ပတ်သက်၍ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ တရားဟောဆရာသည် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် COVID-19
ကပ်ရောဂါ ကူးစက်မှုတွင် ပါဝင်နေသည့် ဘာသာရေးအဖွဲ့အစည်းမှ
ဖြစ်ကြောင်း သိရသည်။
.