ဒုသမ္မတနှင့် မိသားစုအပါအဝင် လူ ၃၀ ကျော်ကို ဓါတ်ခွဲနမူနာ စစ်ဆေးမည်ဖြစ်ကြောင်း ဦးဇော်‌ဌေး ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒုသမ္မတနှင့် မိသားစုအပါအဝင် လူ ၃၀ ကျော်ကို ဓါတ်ခွဲနမူနာ စစ်ဆေးမည်ဖြစ်ကြောင်း ဦးဇော်‌ဌေး ပြော


စိုင်းသိခ်သူ
.
နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစု အပါအဝင် လူအယောက် ၃၀ ကျော်ကို ဓါတ်ခွဲနမူနာ စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ဧပြီလ ၁၄ ရက်တွင် သမ္မတအိမ်တော် သတင်းထောက်အဖွဲ့အား လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုခဲ့သည်ဟု သိရသည်။
.

.
ဦးဇော်ဌေးက ဓါတ်ပုံများဖြင့် မေးမြန်းလာသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ပုံများသည် ဖေဖော်ဝါရီလ ၉ ရက်ကဟု စိစစ်သိရကြောင်း၊ မြန်မာနိုင်ငံတွင် COVID-19 အစောဆုံးကူးစက်မှုကို တွေ့ရှိခဲ့သည်မှာ မတ်လ ၂၃ ရက် ဖြစ်ကြောင်း၊ ယင်းဘာသာရေးအဖွဲ့နှင့် နောက်ပိုင်းတွင် တွေ့ဆုံမှုမရှိဟု သိရှိထားရကြောင်း၊ သို့သော် ယခုထွက်ပေါ် လာသည့် သတင်းများအပေါ် ပြည်သူလူထု စိုးရိမ်မှု မြင့်တက်လာနေသည့်အတွက် ရှင်းရှင်းလင်းလင်း သိရှိနိုင်အောင် ဒုတိယသမ္မတကြီးနှင့် မိသားစုဝင်များ၊ အနီးကပ်ထိတွေ့မှုရှိသူများ စုစုပေါင်း လူ ၃၀ ခန့်ကို ယနေ့ ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် နေအိမ်အဝင်/အထွက်နှင့် တွေ့ဆုံမှု များကို ကျန်းမာရေး Guideline များနှင့် အညီ စိစစ်မှုများ ဆောင်ရွက်ထားကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“ဒုသမ္မတနဲ့ မိသားစု အပါအဝင် လူ ၃၀ လောက်ကို ဓါတ်ခွဲစ နမူနာပို့မယ်လို့ ဦးဇော်ဌေး တင်ထားပါတယ်။ ခုနကမှ တင်ထားတာပါ” ဟု နေပြည်တော်မှ သတင်းထောက်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူမှုကွန်ရက်တွင် တရားဟောဆရာတစ်ဦးနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့၏ ဓါတ်ပုံများ ပျံ့နှံ့နေမှုနှင့် ပတ်သက်၍ ဦးဇော်ဌေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ တရားဟောဆရာသည် ယမန်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် COVID-19 ကပ်ရောဂါ ကူးစက်မှုတွင် ပါဝင်နေသည့် ဘာသာရေးအဖွဲ့အစည်းမှ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats