တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်းတွင် ငွေကျပ် ၄၇ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, April 15, 2020

တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်းတွင် ငွေကျပ် ၄၇ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


မော်မော်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်းပေါ်တွင် ဧပြီလ ၁၄ ရက် နေ့လယ် ပိုင်းက ငွေကျပ် ၄၇ သိန်း ၅ သောင်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူနှင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar

.
တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၄ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က တောင်ကြီး-မိုင်းပျဉ်းသွား ကားလမ်းတွင် စောင့်ဆိုင်းနေစဉ် မိုင်းပျဉ်းကျေးရွာဘက်မှ တောင်ကြီးမြို့ဘက်သို့ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်နေ သူရိန်စိုး (ခ) အကြီးကောင် (၂၀ နှစ်) စီးနင်းမောင်နှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်တွင်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၇၅၀ ပြား၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၄၇ သိန်း ၅ သောင်းအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ သူရိန်စိုး (ခ) အကြီးကောင် (၂၀ နှစ်) အား တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်များဖော်ထုတ် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About