တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးရှိ ရေမြောင်းအတွင်း အမှိုက်နှင့် ရေဆိုးရေညစ်များ ပိတ်ဆို့နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးရှိ ရေမြောင်းအတွင်း အမှိုက်နှင့် ရေဆိုးရေညစ်များ ပိတ်ဆို့နေ


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်း ဝါးပြားလမ်းဆုံးအနီးတွင် လမ်းနှင့် ရေမြောင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး လပိုင်းမျှအကြာ၌ အဆိုပါရေမြောင်းအတွင်း စွန့်ပစ်အမှိုက်များနှင့် ရေဆိုးရေညစ်များ ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
.
 
.
“ရေမြောင်းတွေက လုပ်ထားတာ သိပ်မကြာသေးဘူး။ အခု အမှိုက်တွေ ပြည့်လာတယ်။ ရေမြောင်းထဲမှာ အမှိုက်တွေ ပြည့်တော့ ပိတ်ဆို့မှုဖြစ်ပြီး အနံ့အသက်တွေလည်း မကောင်းတော့ဘူး။ ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း တော်တော်ဆိုးတယ်။ ဖြစ်နိုင်ရင်တော့ ရေမြောင်းထဲ အမှိုက်မပစ်ဘဲ အမှိုက်ကန်တွေမှာ သွားပစ်တာ အကောင်းဆုံး ပါပဲ” ဟု ဝါးပြားလမ်းဆုံအနီး နေထိုင်သူတစ်ဦးက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရေမြောင်းအတွင်းရှိ အမှိုက်များအား စည်ပင်သာယာရေးဌာနမှ ဖယ်ရှားဆောင်ရွက်လျက်ရှိပြီး ရေမြောင်း လုပ်ငန်း လုပ်ဆောင်စဉ်က ကျန်ရစ်ခဲ့သည့် သစ်သားဒေါက်၊ ငြမ်းများကိုလည်း ဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့သည် သန့်ရှင်းသပ်ရပ်မှုနှင့် ပတ်သက်၍ ပြည်တွင်းနှင့် အာဆီယံဆုများ၊ နိုင်ငံတကာဆုတံဆိပ်များ ရရှိထားသည့် မြို့တစ်မြို့ဖြစ်ပြီး မြို့နေပြည်သူများအနေဖြင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် ခြင်းများကို ရှောင်ရှားရန် လိုအပ်နေကြောင်း ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.

Journal Download

Photo of three cats