မဟာသင်္ကြန်ကာလအတွင်း တောင်ကြီးမြို့ပေါ်ရှိ လမ်းမများတွင် အသွားအလာ ရှင်းလင်းလျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မဟာသင်္ကြန်ကာလအတွင်း တောင်ကြီးမြို့ပေါ်ရှိ လမ်းမများတွင် အသွားအလာ ရှင်းလင်းလျက်ရှိ


ဗျတ္တ
.
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း  ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ လမ်းမများပေါ်၌ ယာဉ်နှင့် လူအသွားအလာ မရှိဘဲ ရှင်းလင်းနေလျက်ရှိကြောင်း သိရသည်။
.

.
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်အတွက် မလိုအပ်ဘဲ သွားလာမှုမပြုလုပ်ရန် ကန့်သတ်ခြင်း၊ လူစုလူဝေးများ ရှောင်ရှားရန် တားမြစ်ထားခြင်းနှင့် အစိုးရ၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များကို လိုက်နာသောအားဖြင့် သင်္ကြန်ကာလအတွင်း သွားလာမှု နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“အရင်နှစ်တွေကတော့ ဒီလိုအချိန်ဆို ဘုရားသွားကျောင်းတက်တဲ့သူ၊ စတုဒိသာကျွေးတဲ့သူ၊ သင်္ကြန်ရေပက်တဲ့သူတွေ ရယ်၊ ရေပက်ခံထွက်တဲ့လူတွေရယ်နဲ့ စည်ကားခဲ့တာပေါ့။ ဒီနှစ်ကတော့ COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန် ဆိုတော့ အပြင်ထွက်တဲ့သူ မရှိတော့ဘူး။ ဒီအချိန်မှာတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်မိသားစုအတွက် အိမ်ထဲမှာနေတာ အကောင်းဆုံးဖြစ်ပါတယ်။ သင်္ကြန်ဆိုတာက နှစ်တိုင်းလုပ်ရမှာဖြစ်တယ်” ဟု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် နေ ဒေသခံတစ်ဦးက ပြောသည်။
.
လတ်တလော မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါ ကူးစက်ခံသူ များပြားလာနေသည့် အတွက် နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ဘုရားသွားကျောင်းတက်ခြင်း ၊ရေပက်ကစားခြင်း၊ ရေပက်ခံထွက်ခြင်းများ မပြုလုပ်ဘဲ မိမိအိမ်တွင်သာ နေထိုင်ကြရန် သက်ဆိုင်ရာ ဌာနများမှ ညွှန်ကြားထားကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဧပြီလ ၁၄ ရက် နံနက်အစောပိုင်းထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၆၂ ဦး ရှိပြီ ဖြစ်ကာ ယင်းအနက် ပိုးတွေ့သေဆုံးသူ ၄ ဦး၊ ပြန်လည် သက်သာလာသူ ၂ ဦး ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats