COVID-19 ကာကွယ်ရေးအတွက် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် အလှူငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း ၆၂၀ ကျော် ရရှိထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကာကွယ်ရေးအတွက် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် အလှူငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း ၆၂၀ ကျော် ရရှိထား


ဗျတ္တ
.
ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ အလှူရှင်များမှ အလှူငွေနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိရာ ဧပြီလ ၅ ရက်အထိ စုစုပေါင်း တန်ဖိုး ၆၂၆၃၅၀၀၀ ကျပ် လက်ခံရရှိထားပြီးဖြစ်သည်ဟု သိရသည်။
.
.
ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် PPE ဝတ်စုံများ၊ Surgical Mask၊ Hand Gel၊ Hand Wash၊ Nurse Surgical N95၊ Half Mask၊ Glove၊ အရက်ပျံ၊ PAI Alcohol Pads၊ သောက်ရေသန့်၊ ဆပ်ပြာခဲ၊ Patient Monitor နှင့် အခြား ဆက်စပ်ပစ္စည်းများအပြင် အလှူငွေများကို တောင်ကြီးမြို့ပေါ် ရပ်ကွက်များမှ အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် အခြားမြို့ရွာ ဒေသများမှ အလှူရှင်များက လာရောက်လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လှူဒါန်းမှုများအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံအုပ်ကြီး ရုံးခန်းတွင် လာရောက်လှူဒါန်းပေးကြခြင်းဖြစ်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းနှင့် ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်တို့မှ လက်ခံရယူကာ အလှူရှင်ဂုဏ်ပြုမှတ်တမ်း များ ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။
.
“ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါအသွင် ဖြစ်ပွားနေပြီး ကူးစက်နှုန်းလည်း မြန်ဆန်တဲ့အပြင် အသက်ဆုံးရှုံးမှု ဖြစ်စဉ်များ လည်း ရှိနေတဲ့အတွက် စဝ်စံထွန်းဆေးရုံမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးတွေအတွက် အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ ပစ္စည်း တွေကို လာရောက်လှူဒါန်းပေးတာဖြစ်ပါတယ်” ဟု အလှူရှင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်း အိမ်နီးချင်း ထိုင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားသည့်အပြင် လက်ရှိကာလတွင် ရောဂါအခြေအနေကြောင့် လုပ်သားအများအပြား ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာနေ သည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များကို အထူးကြပ်မတ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
.

Journal Download

Photo of three cats