ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်လေးလုံးအကျဉ်းထောင်နှင့် စိုက်/မွေးစခန်းမှ အကျဉ်းသား ၆၀၀ ကျော် လွတ်မြောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်လေးလုံးအကျဉ်းထောင်နှင့် စိုက်/မွေးစခန်းမှ အကျဉ်းသား ၆၀၀ ကျော် လွတ်မြောက်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၂၄၀၀၀ ကျော်ကို  ယနေ့ ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ အဆိုပါ ကျဉ်းသားများအနက် တောင်ကြီးမြို့နယ်အတွင်းရှိ တောင်လေးလုံးအကျဉ်းထောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးရဲဘက်စခန်းမှ အကျဉ်းကျ ၆၀၀ ကျော် လွတ်မြောက် ခဲ့သည်ဟု သိရသည်။
.

.
“တောင်လေးလုံးက ၃၆၄ ဦး ပါပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးမှာကတော့ ၂၅၃ ဦးပါ။ စာရင်းက အတိအကျတော့ မဟုတ်သေးပါဘူး။ အပြောင်းအလဲ ရှိနိုင်ပါသေးတယ်” ဟု တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် (၁၂/၂၀၂၀) ဖြင့် နိုင်ငံသား အကျဉ်းသား/သူ ၂၄၈၆၉ ဦးကိုလည်းကောင်း၊ အမိန့်အမှတ် (၁၃/၂၀၂၀) ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၈၇ ဦးတို့ကိုလည်းကောင်း စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသား အကျဉ်းသားများကို ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats