တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း အရှေ့ဘက်တွင် ကုန်စိမ်း ယာယီလက်ကားဈေး ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း အရှေ့ဘက်တွင် ကုန်စိမ်း ယာယီလက်ကားဈေး ဖွင့်လှစ်မည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း အရှေ့ဘက်ခြမ်းရှိ မြေကွက်လပ်တွင် ဟင်းသီးဟင်းရွက် နှင့် ကုန်စိမ်းယာယီလက်ကားဈေး ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ‌သိရသည်။
.
.
“အဝေရာကွင်း အရှေ့ဘက်မှာ ယာယီလက်ကားဈေး နေရာ သတ်မှတ်ပေးထားပါတယ်။ အခု ရပ်ကွက်အလိုက် ဖွင့် ထားတဲ့ ယာယီဈေးတွေကလည်း ရှိနေမှာပါ။ အဲဒါကတော့ လက်လီပေါ့။ နယ်တွေဘက်က တက်လာတဲ့သူတွေကနေ အဲဒီမှာ လာရောင်းပြီးတော့ ဒီက ဈေးသည်တွေက တစ်ဆင့် ပြန်ဝယ်ရောင်းဖို့ပေါ့” ဟု တောင်ကြီးမြို့နယ်အုပ်ချုပ် ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ယာယီကုန်စိမ်းလက်ကားဈေးကို နေ့စဉ် နံနက် ၄ နာရီမှ နံနက် ၁၀ နာရီအထိသာ ရောင်းခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
COVID-19 ကပ်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် တောင်ကြီးမြို့ပေါ်ရှိ နေရာ ၉ ခုတွင် ယာယီဈေးရောင်းချရန် နေရာများကို သတ်မှတ်ဆောင်ရွက်ထားပေးပြီးဖြစ်ကာ ယခုအခါ နယ်မှ လာရောက် ရောင်းချသည့် ပင်ရင်း ဈေးသည်များနှင့် တစ်ဆင့်ပြန်လည်ဝယ်ယူရောင်းချလိုသည့် လက်လီဈေးသည်များ အဆင်ပြေ စေရေန်အတွက် ယခုကဲ့သို့ ယာယီလက်ကားဈေးကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် တောင်ကြီးမြို့မဈေးကို ဖွင့်လှစ်ထားသော်လည်း မဖြစ်မနေ လိုအပ်သည့် ဆေးဝါးနှင့် လူသုံးကုန် ပစ္စည်းများကိုသာ ရောင်းချခွင့်ပြုထားပြီး သားငါးနှင့် ဟင်းသီးဟင်းရွက်များကို ရပ်ကွက်အလိုက် သတ်မှတ်ထားသည့် ယာယီဈေးများတွင်သာ ရောင်းချခွင့်ပြုထားကြောင်း ဦးဖြိုးမင်းထိုက်က ဆက်လက်ပြောဆိုခဲ့သည်။
.

Journal Download

Photo of three cats