စိုင်းရာဇာ
.
တောင်ကြီးမြို့မဈေးအတွင်းရှိ
ဈေးဆိုင်ခန်းများအား ယနေ့ ဧပြီလ ၁၁ ရက်၊ ညနေ ၃ နာရီအချိန်က ပိတ်သိမ်းရန် စည်ပင်သာယာရေးဌာနမှ
ညွှန်ကြားခဲ့ကြောင်း သိရသည်။
.
.
“မနက်ဖြန်ဆိုရင်လည်း
ဈေးကပိတ်တော့မှာပါ။ ဒါပေမဲ့ အခုချက်ချင်း ဈေးကို ပိတ်ပါလို့ အမှုဆောင်အရာရှိက ညွှန်ကြား
လာတဲ့အတွက် အခု လိုက်ပိတ်ခိုင်းနေတာပါ” ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့မဈေး
တာဝန်ခံ ဦးခင်အေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါကိစ္စနှင့်
ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုထံသို့ ကမ္ဘာဇတိုင်းမှ
ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရရှိခဲ့ချေ။
.
“ဘာဖြစ်လို့လဲတော့
မသိဘူး။ သိမ်းဆိုတော့လည်း အခု သိမ်းနေရတာပေါ့။ မနက်က အောင်ပန်းဈေးမှာ ကိုယ်အပူချိန်
များတဲ့ လူ ၂ ယောက် တွေ့တာကြောင့်လားတော့ မသိဘူး” ဟု တောင်ကြီးမြို့မဈေးအတွင်း ဈေးရောင်းချသူတစ်ဦးက
ပြောသည်။
.
အောင်ပန်းမြို့မဈေးရှိ
ဝင်ထွက်ပေါက်နေရာတွင် ယနေ့ ဧပြီလ ၁၁ ရက်၊ နံနက်ပိုင်းက ကိုယ်အပူချိန် တိုင်းတာမှုများ
ဆောင်ရွက်ခဲ့ရာ ကိုယ်အပူချိန် မြင့်တက်နေသူ ၂ ဦး တွေ့ရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း
သိရသည်။
.
ယခုအခါ မဟာသင်္ကြန်ကာလ
ဈေးပိတ်ရက် ရောက်ရှိတော့မည်ဖြစ်သည့်အတွက် တောင်ကြီးမြို့မဈေး အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ
ဈေးများ၌ ဈေးဝယ်လာသူများပြားနေသဖြင့် ဈေးများ ပိတ်သိမ်းရန် ညွှန်ကြားခြင်း ဖြစ်နိုင်
ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။
.
တောင်ကြီးမြို့မဈေး အတွင်း၌ ဈေးရုံပေါင်း ၁၉ ရုံ၊
ဆိုင်ခန်းပေါင်း ၁၈၆၈ ခန်း ရှိပြီး မြို့မဈေးသည် မြို့တော် တောင်ကြီး၏ အထင်ကရ နေရာ
တစ်ခု ဖြစ်ကာ တောင်ကြီးမြို့တွင် မြို့မဈေး အပြင် အမှတ်(၅) ဈေး ၊
စဝ်စံထွန်းဈေး၊ ရဲဘော်ဈေး၊ ဘူတာဈေးတို့ တည်ရှိကြောင်း သိရသည်။
.