တောင်ကြီးမြို့ပေါ်ရှိ အသေးစားချေးငွေကုမ္ပဏီများ ငွေသွင်းငွေထုတ်ခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ အသေးစားချေးငွေကုမ္ပဏီများ ငွေသွင်းငွေထုတ်ခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းထား


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ အသေးစားချေးငွေကုမ္ပဏီများ၏ ငွေသွင်းငွေထုတ်ခြင်းဆိုင်ရာ လုပ်ငန်း များအား ယာယီရပ်ဆိုင်းထားကြောင်းသိရသည်။
.

.
ကမ္ဘာနိုင်ငံအများအပြားတွင် ဖြစ်ပွားနေသည့် Covid-19 ကပ်ရောဂါသည် မြန်မာနိုင်ငံတွင်လည်းဖြစ်ပွားနေသည့် အတွက် ပြည်သူများ အလုပ်အကိုင်အချို့ ရပ်နားထားရပြီး ၊ကုမ္ပဏီများတွင် ချေးငွေရယူထားသူများအနေဖြင့်လည်း ချေးငွေပြန်လည်ပေးသွင်းရန် အခက်အခဲဖြစ်ပေါ်နိုင်သောကြောင့် ငွေသွင်းငွေထုတ်ခြင်းများအား ယာယီရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဓိကကတော့ အခု Covid-19 ဖြစ်ပွားနေတဲ့အချိန်မှာ ပြည်သူလူထုကြား အလုပ်အကိုင်အခွင့်အလမ်း အခက် အခဲဖြစ်တာတွေရှိတယ်။ အခြေခံလူတန်းစားတွေမှာ အဓိကသွားထိတာတွေရှိတယ်။ ကျွန်တော်တို့ ထုတ်ထားတာလည်း အခြေခံလူတန်းစားတွေများတယ်။  အခြေခံလူတန်းစားတွေကလည်း တောင်းဆိုတာတွေ ရှိတဲ့အပြင် ပြည်နယ်ဝန်ကြီးကလည်း စာထုတ်လာတော့ ဧပြီလကုန်အထိ ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ် ” ဟု KEB Hana Microfinance Limited မှ ဦးရဲကျော်မျိုးက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
KEB Hana Microfinance Limited အနေဖြင့် တောင်ကြီးမြို့နယ်တွင် အသင်းသားစုစုပေါင်း ၄၂၀၀ ကျော်ရှိပြီး၊ အခြေခံလူတန်းစား လက်လုပ်လက်စားများအား ချေးငွေထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
အခုက အလုပ်အကိုင်တွေအကုန်လုံး ရပ်သလောက်ဖြစ်နေတာ။ ပုံမှန်ဝင်ငွေရဖို့အတွက် ဘယ်လိုမှ အဆင်မ ပြေတော့ဘူး။ ကုမ္ပဏီတွေဘက်က အခုလိုယာယီရပ်နားထားပေးတဲ့အတွက် ချေးငွေရယူထားတဲ့ လူတွေနည်း နည်းအသက်ရှုချောင်သွားတယ် ပြောရမှာပေါ့ ” ဟု ချေးငွေရယူထားသူတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင်အသေးစားချေးငွေကုမ္ပဏီပေါင်း ၁၅ ခု ခန့်ရှိပြီး ရှမ်းပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်အရ ကုမ္ပဏီအားလုံး ငွေသွင်းငွေထုတ်ခြင်းများကိုယာယီရပ် ဆိုင်းခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats