တောင်ကြီးမှ COVID-19 ပိုးတွေ့လူနာအမှတ် (၂၉) ၏ တတိယအကြိမ်မြောက် ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမှ COVID-19 ပိုးတွေ့လူနာအမှတ် (၂၉) ၏ တတိယအကြိမ်မြောက် ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့လူနာ အမှတ် (၂၉) ၏ တတိယအကြိမ်မြောက် ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ရှိသဖြင့် ဆေးရုံမှ ဆင်းပြီး ဟိုတယ် တစ်ခုတွင် Quarantine ၇ ရက် ဆက်လက်ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
.
.
တတိယအကြိမ် ဓါတ်ခွဲအဖြေက ပိုးမတွေ့တော့ဘူးဆိုတော့ ဆင်းလို့ရပြီပေါ့။ ဒါပေမဲ့ Facilities Quarantine မှာ ၇ ရက် ဆက်ထားဦးမှာပါ။ အခုကတော့ ဆေးရုံမှာပဲ ရှိပါသေးတယ်။ ဒီနေ့ ဆေးရုံက ဆင်းဖို့ရှိပါတယ်။ ဆင်းရင်တော့ ဟိုတယ်တစ်ခုမှာ Quarantine ထားမှာပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လူနာအမှတ် (၂၉) သည် တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ၎င်းသည် အင်္ဂလန်နိုင်ငံမှ မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့၊ ပုလဲမြို့သစ်ရှိ သဲအင်းဂူတရားစခန်း တွင် Quarantine ၁၄ ရက် ဝင်ရောက်၍ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဧပြီလ ၂၇ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ အတည်ပြုဖြစ်ပွားသူ ၁၄၆ ဦး ရှိလာပြီဖြစ်ပြီး ဓါတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုး ကင်းစင်သူ ၁၀ ဦးနှင့် သေဆုံးလူနာ ၅ ဦး ရှိကာ ရှမ်း ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူ ၇ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats