တောင်ကြီးမြို့မှ COVID-19 ပိုးတွေ့လူနာ အမှတ် (၁၂၁) နှင့် ထိတွေ့ခဲ့သူ ၅၄ ဦးအနက် ၅၁ ဦးတွင် ပိုးမတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မှ COVID-19 ပိုးတွေ့လူနာ အမှတ် (၁၂၁) နှင့် ထိတွေ့ခဲ့သူ ၅၄ ဦးအနက် ၅၁ ဦးတွင် ပိုးမတွေ့


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးဝါးကုသမှု ခံယူနေသည့် COVID-19 အတည်ပြုလူနာ အမှတ် (၁၂၁) နှင့် ထိတွေ့ခဲ့သူ ၅၄ ဦးအနက် ၅၁ ဦး၏ ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ရှိကြောင်းနှင့် ကျန် ၃ ဦး၏ ဓါတ်ခွဲအဖြေများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
.
.
"ဓါတ်ခွဲနမူနာ ပို့ထားတဲ့ ၅၄ ယောက်မှာ ၅၁ ယောက်ကတော့ အဖြေရပြီ ပိုးမတွေ့ထွက်တယ်။ ၃ ယောက်ကတော့ အဖြေမရသေးဘူး။ လေယာဥ် အတူတူစီးတဲ့ ခရီးသည်တွေပေါ့။ အဓိက က မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ အကုန်ပါတယ်။ လေယာဥ်ပေါ်က ခရီးသည်အတော်များများလည်း ပါကုန်ပြီ။ သွားဆရာဝန်လည်း ပိုးမတွေ့ဘူးလို့ အဖြေထွက်တယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူ ကကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူနာအမှတ်(၁၂၁)သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ ဧပြီလ ၂၁ ရက်က ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာအဖြစ် ပါရှိခြင်းဖြစ်ပြီး လက်ရှိတွင် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်နေသည်ဟု ယင်း လူနာအမှတ်(၁၂၁) ထံမှ သိရသည်။
.
ရှမ်းပြနယ်အတွင်း ယနေ့ ဧပြီလ ၂၇ ရက်အထိ COVID-19 ပိုးတွေ့လူနာ ၇ ဦး အထိ ရှိလာနေပြီဖြစ်ပြီး ၎င်းတို့မှာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၂၉)၊ လူနာအမှတ် (၁၂၁)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၆၄)၊ လူနာအမှတ် (၉၆)၊ လူနာအမှတ် (၁၁၂)၊ လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄) နှင့် မူဆယ်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၁၄၃) တို့ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats