.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်
ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန် ၁၀ ဦး အပါအဝင် ကျန်းမာရေး ဝန်ထမ်းများကို
တာဝန်မှ ယာယီ အနားပေးထားကြောင်း သိရသည်။
.
“ ဝန်ကြီးချုပ် ခရီးစဉ်နဲ့ လိုက်ပါနေလို့
အနား ပေးလိုက်တဲ့ ဝန်ထမ်းအင်အားစာရင်းကိုတော့
သေချာ မမှတ်မိပါဘူး။ ပြည်နယ် ကျန်းမာရေးရုံးကို လှမ်းမေးကြည့်ရင်တော့
စာရင်းမှန်ကို သိရပါမယ်။ ခု လောလောဆယ် တာချီလိတ် ဆေးရုံမှာ အရေးပေါ်နဲ့ သာမာန် လူနာတွေကို
ဆေးကုသပေးပြီး မန္တလေးနဲ့ ကျိုင်းတုံကနေ ဆရာဝန် ၁ ဦးစီကို အင်အားဖြည့်ပေးဖို့ စီစဉ်ထားပါတယ်။”
ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့ရှိ ပြည်နယ်ကျ
န်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် တာဝန်မှ ယာယီ အနားပေးထားသူများတွင် ကျန်းမာရေးဝန်ထမ်း
၂၄ ဦး ပါဝင်ပြီး ၎င်းတို့နှင့် ပတ်သက်သည့် မိသားစုဝင် ၆ ဦးလည်း Quarantine ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။
.
အဆိုပါ တာဝန်မှ ယာယီ အနားပေးခံရသူ
ကျန်းမာရေးဝန်ထမ်းများမှာ တာချီလိတ် ပြည်သူ့ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေး
ဝန်ထမ်းများ ဖြစ်ကာ COVID-19 အတည်ပြု လူနာအမှတ် (၉၆) ဖြစ်သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသားနှင့် ထိတွေ့ခဲ့ခြင်းကြောင့်
ယင်းကဲ့သို့ အနားပေး၍ Quarantine ပြုလုပ်ထားခြင်း
ဖြစ်ကြောင်း သိရသည်။
.
တာချီလိတ်မြို့မှ COVID-19 အတည်ပြု လူနာအမှတ်
(၉၆)အား ကျိုင်းတုံဆေးရုံသို့ ပြောင်းရွှေ့ ထားရှိပြီး ဆေးကုသမှု ပေးနေလျက် ရှိကာ ရှမ်းပြည်နယ်မှ
၄ ဦး အပါအဝင် မြန်မာနိုင်ငံ၌ COVID-19 အတည်ပြု လူနာ ၁၀၇ ဦး ရှိကြောင်း သိရသည်။
.