ရှမ်းပြည်နယ်အစိုးရမှ တာချီလိတ်နှင့် ရှမ်းရှေ့ရှိ ဆေးရုံများအတွက် ကျန်းမာရေးထောက်ပံ့ပစ္စည်းပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အစိုးရမှ တာချီလိတ်နှင့် ရှမ်းရှေ့ရှိ ဆေးရုံများအတွက် ကျန်းမာရေးထောက်ပံ့ပစ္စည်းပေးအပ်


မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိရှိ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေနှင့် တာချီလိတ် ပြည်သူ့ဆေးရုံများသို့ ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက်ပိုင်းက ကျန်းမာရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.

.
“ဒီနေ့တော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ မိုင်းဖြတ်၊ မိုင်းယောင်း တာချီလိတ် ၃ မြို့နယ်မှာ COVID-19 ကာကွယ်ရေး လုပ်ငန်း လုပ်နေတဲ့သူတွေကို လာပြီးအားပေးတာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မိုင်းဖြတ်ပြည့်ဆေးရုံ၌ MaskPPE ဝတ်စုံ၊ လက်အိတ်၊ Hand Gel၊ လည်ရှည်ဖိနပ်၊ ပိုးသတ်ဆေးမှုန့်ပုံးကြီး၊ အပူချိန်တိုင်းတာမိုမီတာ၊ လက်သန့်ဆေးရည်နှင့် တာဝန်ကျဆရာမများအတွက် ကြက်ဥ၊ ကုလားပဲ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဆန်နှင့် ဆေးရုံတွင် လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၅ သိန်းတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းလူမျိုးရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများမှ ပေးအပ်ရာ ဆေးရုံရှိ ဆရာဝန်/ ဆရာမများက လက်ခံရယူခဲ့ ကြောင်းသိရသည်။
.
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် မိုင်းယောင်း ပြည်သူ့ဆေးရုံ၌ MaskPPE ဝတ်စုံ၊ Hand Gel၊ လက်သန့်ဆေးရည်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၅)သိန်းတို့ကိုပေးအပ်ရာ တာဝန်ရှိဆရာဝန်/ဆရာမများက လက်ခံရယူသည်။
.
ထို့နောက် တာလေနှင့် တာချီလိတ်ရှိ ခုတင် ၁၀၀ ဆံဆေးရုံများအတွက် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန် MaskPPE ဝတ်စုံ၊ လက်အိတ်၊ မျက်မှန်၊ Hand Gel၊ လည်ရှည်ဖိနပ်၊ ပိုးသတ်ဆေးမှုန့်ပုံးကြီး၊ အပူချိန်တိုင်းတာမိုမီတာ၊ လက်သန့်ဆေးရည်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းသားလူမျိုးရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ပေးအပ်ရာ ဆရာဝန်/ဆရာမများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ဆေးရုံရှိ ဆရာဝန်/ဆရာမများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
.

Journal Download

Photo of three cats