တာချီလိတ်တွင် ၂ ရက်အတွင်း ကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ၂ ရက်အတွင်း ကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိ


မော်မော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက် ၂ ရက်အတွင်း ငွေကျပ် သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများကို သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
 .
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်က မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ နှင်းဆီလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်နေ စိုင်းလိတ် (ခ) ဟိုနမ် (၂၉ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့် ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၀၀ဝ သိန်းအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် နေ စိုင်းလိတ် (ခ) ဟိုနမ် (၂၉ နှစ်) အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၄ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က တာချီလိတ်မို့၊ ပါလျံ (၃) ရပ်ကွက် လမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် ကျိုင်းလပ်မြို့၊ ဝမ်ကျင်းရပ်ကွက်နေ သန်းကျော်ဇော (ခ) တူးတူး (၂၉ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော် ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ဘိန်းဖြူအလေး ချိန် ၁၄ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၂၄၀ အား သိမ်းဆည်းရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းဖြူများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျိုင်းလပ်မြို့၊ ဝမ်ကျင်းရပ်ကွက်နေ သန်းကျော်ဇော (ခ) တူးတူး (၂၉ နှစ်)အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats