ကျိုင်းတုံမြို့ ရှိ နေ့စားလုပ်ငန်း လုပ်ကိုင်သူများ အလုပ် မရှိ၍ အခက် တွေ့နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့ ရှိ နေ့စားလုပ်ငန်း လုပ်ကိုင်သူများ အလုပ် မရှိ၍ အခက် တွေ့နေ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် လက်ရှိ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေသည့် ကာလအတွင်း နေ့စားလုပ်ငန်း ဝင်ငွေရှာဖွေ လုပ်ကိုင်နေသူများ အနေဖြင့် အလုပ် မရှိ၍ ဝင်ငွေ မရှိခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
“ အလုပ်က အဆင်မပြေပါဘူး။ လူတွေကလည်း အပြင် မထွက်ကြတာများတော့ အလုပ် မဖြစ်ဘူး။” ဟု ကျိုင်းတုံမြို့မစျေး အနီး၌ အငှားဆိုင်ကယ် မောင်းနှင်သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ အလုပ်မရှိ၍ ဝင်ငွေ မရှိသဖြင့် အခက်အခဲ ဖြစ်ပေါ်နေကြသူ နေ့စား အလုပ်သမား အများစုတွင် ပန်းရံ၊ လက်သမား ၊ ကုန်တင်ကုန်ချ၊ အငှားယာဉ်မောင်း လုပ်ကိုင်သူများနှင့် ပစ္စည်းဟောင်း ရှာဖွေ ရောင်းချရေးလုပ်ငန်းများ၊ ပျံကျဈေးသည်များ ပါဝင်ကြောင်း သိရသည်။
.
“ သမီးဆိုရင် အလုပ် နားနေရတာ ကြာပါပြီ။ အပြင် ထွက်ခွင့်လည်း မပေးဘူး။ တစ်ရက် တစ်ရက်အတွက် ဝင်ငွေ မရှိတော့ ရှိတာလေးကိုပဲ ချွေတာ စားနေရပါတယ်။” ဟု ကျိုင်းတုံမြို့နယ်ရှိ လမ်းလုပ်ငန်းတွင် နေ့စားဝန်ထမ်း လုပ်ကိုင်နေသူ တစ်ဦးက ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်၌ ရှိသည့် COVID-19  အတည်ပြုလူနာ ၆ ဦးအနက် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လူနာ ၃ ဦး ပါဝင်ပြီး ယင်း လူနာ ၃ ဦးကို ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပေးနေလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats