.
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၏ အထင်ကရ နေရာဖြစ်သည့်
တောင်ချွန်းသို့ သွားရာ အတက်လမ်း၌ လမ်းဖောက်လုပ် နေခြင်းနှင့် ပတ်သက်ပြီး သစ်တောဦးစီးဌာနက
အသေးစိတ် စိစစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
.
"ဒီသတင်း
ကြားတော့ ဧပြီလ ၅ ရက် မနက်ပိုင်းက မြို့နယ်မှူး သွား ကြည့်ပြီး သစ်တောနယ်မြေ ဖြစ်နေရင်
ဒီကိစ္စတွေကို ရပ်ဆိုင်းထားပေးပါ။ တရားဝင် ဆောင်ရွက်ခွင့် ရမှသာ ဆောင်ရွက်ပါလို့
ညှိနှိုင်း လာတာ။ အဲဒီအပေါ်မှာ သဘောတူပြီး ဆက်ပြီး မလုပ်တော့ပါဘူး၊ ဒါကို အသေးစိတ်
ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ ပြုလုပ်သွားမှာပါ။ ” ဟု
ရှမ်းပြည်နယ်သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးဖြိုးမင်းထိုက်မှလည်း " ခွင့်ပြုထားတာ
မရှိပါဘူး။ အဲဒါက ဒီဘက်က တပ်ဧရိယာ ဖြစ်တယ်။ သစ်တောနဲ့ တပ်ဧရိယာပဲ ရှိတယ်။ ကျွန်တော်တို့
မသိသေးပါဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး မသိသေးပါဘူး။ တင်ပြထားတာလည်း မရှိသေးပါဘူး။” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ လမ်းနေရာ ဖောက်လုပ်နေသည့် နေရာသည် တောင်ကြီးမြို့၏ ရေဝေရေလဲ
နေရာ ဖြစ်ခြင်းကြောင့် ထိန်းသိမ်းရန် လိုအပ်သည့် နေရာ ဖြစ်ခြင်းကြောင့် လမ်း ဖောက်ခြင်း၊
သစ်ပင် ခုတ်ခြင်း၊ ဘုရားတည်ခြင်း (ထပ်တိုး)ကို ဒေသခံများက မလိုလားဘဲ ကန့်ကွက်မှုများ
ရှိနေကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ယက် ဥက္ကဌ ဒေါ်ချယ်ရီကျော်ထံမှ သိရသည်။
.
ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကို ကမ္ဘောဇတိုင်းမှ စုံစမ်းမှုများ
ပြုလုပ်ရာ သုဿာန်အဓိဌာန် ဆရာတော်၊ ဝါတော် ၉ ဝါရှိ အရှင်ကေလာမှ ဦးဆောင်၍ ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက
စတင်၍ လုပ်ငန်း အစီအမံများကို စတင် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
တောင်ချွန်းတွင် ကျိုက်ထီးရိုးစေတီတော် ပုံတူ ဘုရားအား ၇၅ ပေ
ပတ်လည်၊ အမြင့် ၂၄ ပေဖြင့် တည်မည့်အပြင် ရွှေဘုန်းပွင့် စေတီတော်နှင့် တောင်ချွန်းအား
ပေ ၂၀၀၀ ကျော်ခန့် အရှည်ရှိ မှန်တံတားနှင့် ကေဘယ်လ် ရထားကိုပါ တည်ဆောက်ရန် စီစဉ်နေခြင်း
ဖြစ်ကာ ယင်း အစီအစဉ် များအား ဂျပန်နိုင်ငံမှ လုပ်ငန်းရှင် တစ်ဦး၏ ရင်းနှီး မြှုပ်နှံမှုဖြင့်
ဆောင်ရွက်ရန် စီစဉ်နေလျက် ရှိကြောင်း သိရသည်။
.
တောင်ချွန်းတွင် ကျိုက်ထီးရိုးစေတီတော် ပုံတူ ဘုရားအား ၇၅ ပေ ပတ်လည်၊ အမြင့် ၂၄ ပေဖြင့် တည်မည့်အပြင် ရွှေဘုန်းပွင့် စေတီတော်နှင့် တောင်ချွန်းအား ပေ ၂၀၀၀ ကျော်ခန့် အရှည်ရှိ မှန်တံတားနှင့် ကေဘယ်လ် ရထားကိုပါ တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်ကာ ယင်း အစီအစဉ် များအား ဂျပန်နိုင်ငံမှ လုပ်ငန်းရှင် တစ်ဦး၏ ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် စီစဉ်နေ
.
"အဲ
လမ်းဖောက်နေတယ်၊ ဘုရားတည်မယ် ဆိုတာကို သူများ ပြောပြမှ သိရတာပေါ့။ ခုနောက်ပိုင်းမှာ
လမ်းဖောက်တာတို့၊ သစ်ပင်ခုတ်တာတို့ ၊ တောရှင်းတာ ၊ မီးရှို့တာတို့ အဲဒါမျိုးတွေ
ပေါ်လာတာပေါ့။ ဒါတွေက ဘယ်သူ့ ခွင့်ပြုချက်လည်း ဘယ်သူက လုပ်တာလဲဆိုတာတော့ မသိပါဘူး။
” ဟုရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ယက်မှ
ဒေါ်ချယ်ရီကျော်က ပြောသည်။
.
တောင်ချွန်းသည် တောင်ကြီးမြို့၏ အထင်ကရနေရာ တစ်ခု ဖြစ်သည့်
အပြင် မြို့တော်၏ အရှေ့ဘက် တောင်ကြောတွင် အမြင့်ဆုံးနေရာ ဖြစ်၍ ပင်လယ်ရေ မျက်နှာပြင်အထက်
၅၇၅၅ ပေတွင် တည်ရှိကာ တောင်တန်း တစ်လျှောက်တွင် တောင်ပေါ် တောစိမ်းသစ်တော၊ တောခြောက်သစ်တော၊
ထင်းရှူးတောများ ပေါက်ရောက် ရှင်သန်ပြီး သစ်တောပြုန်းတီးမှု မရှိစေရန်အတွက်
ကြိုးဝိုင်း/ကြိုးပြင် သစ်တောများ တိုးမြှင့်ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊
မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်များ ပြုလုပ်ခြင်းများကို ဆောင်ရွက်နေလျက်
ရှိသည်ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။