တောင်ကြီးစည်ပင်က မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ဈေး ရောင်းပေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးစည်ပင်က မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ဈေး ရောင်းပေးနေ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် COVID-19 ကူးစက်မှု လျော့ပါးစေရန်နှင့် ကာကွယ်ရေး ကာလအတွင်း စည်ပင်သာယာစျေးများအား ဖွင့်လှစ်ခြင်း မရှိသေးဘဲ အများပြည်သူ အဆင်ပြေစေရန် အတွက် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ရပ်ကွက်အလိုက် စျေးကားများဖြင့် လှည့်လှည် ရောင်းချပေးနေလျက် ရှိကြောင်း သိရသည်။
.

အများပြည်သူ အဆင်ပြေစေရန်အတွက် စည်ပင်သာယာရေးနှင့် စျေးသူ/စျေးသားများ ညှိနှိုင်း၍ ရပ်ကွက်အလိုက် စျေးကားများ ရပ်နား ရောင်းချမည့် နေရာများအား တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ စည်ပင်သာယာသာယာရေး ကော်မတီတို့မှ ပူးပေါင်း၍ စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ရှိ မြို့မစျေးအား ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မှ ၁၇ ရက်နေ့ထိ ပိတ်သိမ်းကြောင်း ကြေညာထားသော်လည်း COVID-19 ကာကွယ်ရေးကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန် စျေးများအား ဆက်လက် ပိတ်ထားမည် ဖြစ်ပြီး ဈေး ပိတ်ထားချိန်အတွင်း ပြည်သူများ စားသုံးမှု အဆင်ပြေစေရန်အတွက် ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats