.
နယ်စည်းမခြား သတင်းသမားများ(RSF) က ထုတ်ပြန်သည့် ကမ္ဘာ့နိုင်ငံများ၏ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း
(World Press Freedom
Index) တွင် မြန်မာနိုင်ငံအနေဖြင့် ယမန်နှစ် ၂၀၁၉ ခုနှစ်ကထက် အဆင့်
၁ ဆင့် လျော့ကျသွားကြောင်း ဧပြီလ ၂၄ ရက်တွင် ဖော်ပြထားသည်။
.
RSF ၏ ၂၀၁၉
ခုနှစ်က ထုတ်ပြန်ချက်တွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၁၃၈
တွင် ရှိခဲ့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်တွင်မူ အဆင့် ၁၃၉ တွင် တည်ရှိခဲ့ခြင်း
ဖြစ်၍ အဆင့် ၁ ဆင့် လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ RSF ၏ သတင်းလွတ်လပ်ခွင့်
အညွန်းကိန်းတွင် အာဆီယံနိုင်ငံများ အနက် ထိုင်းနိုင်ငံမှာ အဆင့် ၄ ဆင့်၊ စင်္ကာပူနိုင်ငံက
အဆင့် ၇ ဆင့်၊ လာအိုနိုင်ငံက အဆင့် ၁ ဆင့်၊ ဖိလစ်ပိုင်နိုင်ငံက အဆင့် ၂ ဆင့်၊ ကမ္ဘောဒီးယားနိုင်ငံက
အဆင့် ၁ ဆင့် ကျဆင်းခဲ့သော်လည်း မလေးရှား
နိုင်ငံက အဆင့် ၂၂ ဆင့်၊ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၅ ဆင့်၊ ဗီယက်နမ်နိုင်ငံက အဆင့်
၁ ဆင့် မြင့်တက်လာကြောင်း တွေ့ရသည်။
.
မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်မှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း
၂၀၁၀ ပြည့်နှစ်မှာ အဆိုးရွားဆုံးအဖြစ် အဆင့် ၁၇၄ တွင် ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်
အဆင့် ၁၃၁ အထိ တက်ရောက်နိုင်ခဲ့သော်လည်း ယင်းနှစ်နောက်ပိုင်း၌
အဆင့် ပြန်လည် ကျဆင်းလာခြင်း ဖြစ်ကာ ၁၀ နှစ်အတွင်း အဆင့် ၃၅ ဆင့် တက်လာပြီး
နောက်ဆုံး ၃ နှစ်အတွင်း ၈ ဆင့် ပြန်လည် ကျဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အမြင့်ဆုံး အဆင့် ၁ မှ ၁၀ ထိ
ရပ်တည်နေသည့် နိုင်ငံများမှာ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ ဂျမေကာ၊
ကို့စတာရီကာ၊ ဆွစ်ဇာလန်၊ နယူးဇီလန်နှင့်
ပေါ်တူဂီတို့ ဖြစ်ကြပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အနိမ့်ဆုံး နိုင်ငံများမှာ မြောက်ကိုရီးယား၊
တပ်ခ်မစ်နစတန်၊ အီရစ်ထရီးယား၊ တရုတ်၊ ဂျီဗိုတီ(Djibouti)၊ ဗီယက်နမ်၊ ဆီးရီးယား၊ အီရန်၊
လာအိုနှင့် ကျူးဘားတို့ ဖြစ်ကြောင်း သိရသည်။
.