.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ
ထောက်ပံ့ရေးကော်မတီ အနေဖြင့် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ COVID-19 Pandemic အတွက်
ကမ္ဘောဇဘဏ်၏
ကျပ်သိန်း ၃၀၀၀ မတည် လှူဒါန်းမှု အများပြည်သူများ၏
ပါဝင် လှူဒါန်းမှုဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံ
လူတန်းစားများအတွက် တစ်ဦးလျှင် ဆန် ၃ ပြည်၊ ကုလားပဲ ၁ ပိသာ၊ ဆီ ၁၈ ကျပ်သား ပါဝင်သော
ရိက္ခာထုပ်ပေါင်း ၁၀၀၀၀၀ ကို လိုအပ်လာပါက
အရေးပေါ် အသုံးပြု
လှူဒါန်းနိုင်ရန် အဆင်သင့်
ပြင်ဆင်ထားပြီး ဖြစ်သည်။
.
အဆိုပါ ကော်မတီအနေဖြင့် ဧပြီလ ၉
ရက်တွင် ပြည်ပ နိုင်ငံများမှ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ပြန်လည်
ရောက်ရှိလာသူများအား အနီးကပ် ပြုစု စောင့်ရှောက်ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့်
အခြားသော ပရဟိတအဖွဲ့များအတွက် Veltilator ၁ ခု၊ Patient
Monitor ၆ ခု၊ Oxygen Machine ၆ ခု၊ PPE
(medical) ၁၀၀ စုံ၊ PPE (normal) ၅၀၀ စုံ၊ Mask
၅၀၀၀ ခု၊ မျက်မှန် ၂၀၀ ခု၊ လက်အိတ် ၂၀၀ စုံ၊ သာမိုမီတာ ၅၀ ခု၊ Hand
Gel ၂၀၀ ဘူး၊ လက်သန့်ဆေးရည် ၇ ပုံးနှင့် ဆန်အိတ် ၁၀၀၀ ကို ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ
ထောက်ပံ့ရေးကော်မတီက ကယားပြည်နယ် အစိုးရအဖွဲ့သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် ရှမ်းကယား နယ်စပ်ရှိ
လွိုင်လင်လေး တိုက်နယ်ဆေးရုံနှင့် ဖယ်ခုံမြို့ရှိ စောင့်ကြည့်ရေးစခန်း၊ မိုးဗြဲမြို့ရှိ
စောင့်ကြည့်ရေးစခန်း၊ တီကျစ်မြို့ရှိ စောင့်ကြည့်ရေးစခန်းတို့အတွက် လိုအပ်သည့် PPE ဝတ်စုံများ၊ Mask များ၊ ဆေးရုံသုံးလက်အိတ်များ၊
မျက်မှန်များ၊ သာမိုမီတာများ၊ လက်သန့်ဆေးရည်ဘူးများကို ဧပြီလ ၉ ရက်ကပင် ကော်မတီက
သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ
ထောက်ပံ့ရေးကော်မတီ နာယက ဦးအောင်ကိုဝင်း (KBZ Group)၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့်
ပြည်နယ်အသီးသီးသို့ ပြည်ပ နိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသော နိုင်ငံသားများ ထားရှိသည့်
စောင့်ကြည့်ရေး စခန်းများနှင့် တိုက်နယ် ဆေးရုံများတွင် ကျန်းမာရေး စစ်ဆေးခြင်း၊ စောင့်ကြပ်ခြင်းနှင့်
ကာကွယ် ကုသပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုက်နယ်ဆေးရုံနှင့် စောင့်ကြည့်ရေးစခန်းများသို့
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်
အသုံးပြုရန် လိုအပ်သည့် ပစ္စည်းများ လှူဒါန်းမှုကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည်
ငွေကျပ်သိန်းပေါင်း ၁၉၆၂၄ သိန်း (ကျပ်သိန်းပေါင်း တစ်သောင်း
ကိုးထောင် ခြောက်ရာ နှစ်ဆယ့် လေးသိန်း ) ကို မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်
သက်ဆိုင်ရာ အစိုးရနှင့် အဖွဲ့အစည်းအသီးသီးသို့ လှူဒါန်းထားကြောင်း သိရသည်။
.
#KBZTai #Shan #News
#KoSoe
.
https://www.kanbawzatainews.com/2020/04/24.html