ကျေးသီးမြို့နယ်အတွင်း မိုးသီး ကျသဖြင့် လူနေအိမ်အချို့ ပျက်စီးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျေးသီးမြို့နယ်အတွင်း မိုးသီး ကျသဖြင့် လူနေအိမ်အချို့ ပျက်စီးခဲ့ရ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ နမ့်မော်ဆိုင်းကျေးရွာတွင် ဧပြီလ ၂၆ ရက်၊ ညနေပိုင်းက မိုးသက်လေပြင်း ကျကာ မိုးသီးများ ကြွေကျသဖြင့် လူနေအိမ်အချို့ ပျက်စီးကာ အိမ်မွေးကျွဲ အချို့သေဆုံးခဲ့ရကြောင်း ကျေးသီးမြို့မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမိုင်းထံမှ သိရသည်။
.

“ စာရင်း ကောက်ထားခိုင်းတယ်၊ အကြမ်းပဲ သိရသေးတယ်။ အစည်းအဝေး ခေါ်ပြီး သွားကြည့်ဖို့ စီစဉ်ထားတယ်။ ရွာက မိုင် ၃၀ လောက် ဝေးပြီး ရာသီဥတု ကောင်းလို့ လမ်း မချော်ရင် သွားဖို့ လုပ်ထားတယ်။ သတင်းအရတော့ အိမ်အချို့ ပျက်စီးတယ်လို့ သိရတယ်။” ဟု ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမိုင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ နမ့်မော်ဆိုင်းကျေးရွာသည် ကျေးသီးမြို့နယ်အတွင်း၌ ပါဝင်သော်လည်း မြို့နှင့် မိုင် ၃၀ ခန့် ဝေးကွာပြီး တည်ရှိကာ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်များနှင့် နယ်နိမိတ် ထိစပ်နေသော လွယ်ဝန်း တောင်ကြောတွင် တည်ရှိသည့် ကျေးရွာ ဖြစ်ကာ အိမ်ခြေ ၇၀ ကျော်ခန့် ရှိကြောင်း သိရသည်။
.
မိုးသီးများ များပြားစွာ ကျရောက်မှုကြောင့် လူနေအိမ် ၄ လုံး၏ အမိုးအကာများ ဆိုးရွားစွာ ပျက်စီးသဖြင့် မိသားစု ၈ စုမှာ အကူအညီ လိုအပ်နေကာ ပျက်စီးထိခိုက်မှု အသေးစိတ်စာရင်းအား ပြုစုနေဆဲ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats