မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည်
ယနေ့ ဧပြီလ ၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ
ခေတ္တကျန်းမာရေးစောင့်ရှောင့်မှုစင်တာ Quarantine ထားရှိရာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း
သိရသည်။
.
.
ထိုသို့ ကွင်းဆင်းရာတွင်
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်တလုံးမြို့ နောင်ယာဆိုင်း ဂိတ်တွင်
ဖွင့်လှစ်ထားသည့် (COVID-19) ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနေမှုအား ဝင်ရောက်ကြည့်ရှုပြီး
တာဝန်ကျဝန်ထမ်းများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောက်တလုံးမြို့
အခြေခံပညာအထက်တန်းကျောင်းနှင့် နောင်ကားကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း (လုံကား)တို့၌
ဖွင့်လှစ်ထားသော (COVID-19)ကြိုတင်ကာကွယ်ရေးအတွက် ပြည်တော်ပြန် ၁၄ ရက် စောင့်ကြည့်အဖွဲ့
များအား သွားရောက်ကြည့်ရှုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကာကွယ်ရေးလုပ်ငန်း၌ အသုံးပြုနိုင်ရန်အတွက်
Mask၊ လက်အိတ်၊ လည်ရှည်ဖိနပ်များနှင့် တာဝန်ကျ ဝန်ထမ်းများ လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက်
ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ
(COVID-19)ကြိုတင်ကာကွယ်ရေးအတွက် ကျောက်တလုံးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုင်းနိုင်ငံမှ
ပြန်လာသူ ကျား ၁၆ ဦး၊ မ ၁၁ ဦး တို့ကို မတ်လ ၂၄ ရက်မှစတင်စောင့်ကြည့်ထားရှိပြီး၊ လုံကား
အခြေခံပညာအထက်တန်း ကျောင်းတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ ကျား ၁၂ ဦး၊ မ ၁၂ ဦး တို့ကို
မတ်လ ၂၅ ရက်မှ စတင်စောင့်ကြည့်ထားရှိကြောင်း သိရှိရသည်။
.