နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှ Quarantine ပြုလုပ်ထားသူ ၁၅ ဦးတွင် COVID-19 ရောဂါပိုးမတွေ့ကြောင်း ဟိုပုံးမြို့ ပြည်သူ့ဆေးရုံက ယနေ့ ဧပြီလ ၂၄
ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
COVID-19 ပိုးတွေ့လူနာ အမှတ် (၆၄) နှင့်အတူ
လေယာဉ် စီးခဲ့သူတစ်ဦး အပါအဝင် ဟိုပုံးပြည်သူ့ဆေးရုံတွင် Quarantine ပြုလုပ်ထားသူ ၁၄ ဦး တို့၏ ဓါတ်ခွဲနမူနာများကို ဧပြီလ ၁၇ ရက်က အမျိုးသားကျန်းမာရေးဓါတ်ခွဲမှု
ဆိုင်ရာဌာန (ရန်ကုန်) သို့ ပို့ဆောင်ခဲ့ရာ ယနေ့ ဧပြီလ ၂၄ ရက်တွင် ရောဂါပိုး မတွေ့ရှိကြောင်း
အကြောင်း ပြန်ကြားလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်
ထို့အပြင် ဟိုပုံးမြို့နယ်
ကျောက်တန်းတိုက်နယ်ဆေးရုံမှ စောင့်ကြည့်လူနာတစ်ဦးအား ဓာတ်ခွဲနမူနာကို ဧပြီလ ၂၁ ရက်က
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရာတွင်လည်း ရောဂါပိုး
မတွေ့ရှိ ရကြောင်း သိရသည်။
.
ဟိုပုံးမြို့သည်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ရုံးစိုက်ရာ မြို့ ဖြစ်ပြီး
မြို့နယ်အတွင်း၌ ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူ အများအပြား
ရှိနေသော်လည်း ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာမှု
အားနည်းနေသေးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများကို
အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
.