နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသား အကျဉ်းသားအား ပြန်လည်ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းနိုင်ငံသား အကျဉ်းသားအား ပြန်လည်ပို့ဆောင်


နန်းဝင်းရီ
.
နိုင်ငံတော်သမ္မတ၏ မြန်မာနှစ်ဆန်းတစ်ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာသည့် ထိုင်းနိုင်ငံသား အကျဉ်းသားတစ်ဦးအား ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် တောင်ကြီးခရိုင် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ယနေ့ ဧပြီလ ၂၃ ရက်တွင် တာချီလိတ်မြို့သို့ လွှဲပြောင်း ပေးပို့ခဲ့ကြောင်း သိရသည်။
.
.
ညောင်ရွှေမြို့၊ တောင်လေးလုံးအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေသည် ထိုင်းနိုင်ငံသား နိုင်အဖိစေရိုင်း ဝိစေဆန်(ခ) စိုင်းနော်ဆိုသူသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ၁၆(ဂ)၊ ရှမ်းလက်နက်ဥပဒေ ၁၂ (က) ၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့အရ ပြစ်ဒဏ် ၈ နှစ်၊ ၆ လ ကျခံနေရာမှ ဧပြီလ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထိုင်းနိုင်ငံသားအား ထိုင်းနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးမှူးနှင့်အဖွဲ့သည် အကျဉ်းသားနှင့်အတူ Air KBZ လေကြောင်းလိုင်း ခရီးစဉ်အမှတ် K7-209ATR-72 လေယာဉ်ဖြင့် ယနေ့ ဧပြီလ ၂၃ ရက် တွင် ဟဲဟိုး လေဆိပ်မှ တာချီလိတ်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
.
ယင်း ထိုင်းနိုင်ငံသား အကျဉ်းသားအား ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်က  ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ  My Way ကားအလှဆင်ဆိုင်တွင် မူးယစ်တပ်ဖွဲ့စုနှင့် ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်က ၎င်းဇနီးနှင့်အတူ နေအိမ်အတွင်းမှ  BRNO ALFA ပစ္စတိုသေနတ် ၁ လက်၊  ကျည်ကပ် ၁ ခု၊ ကျည် ၁၃ တောင့် အပါအဝင် ကက်တမင်းနှင့် Ecstasy မူးယစ်ဆေး အနည်းငယ်နှင့် ထိုင်းဘတ်ငွေ ၆၂ သိန်းကျော်၊ မြန်မာကျပ်ငွေ ၁၂ သိန်းကျော်တို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ဇနီးဖြစ်သူ အီနန်း(ခ) နန်းကျင်းတို့ ၂ ဦးအား တာချီလိတ်မြို့မရဲစခန်းက  မယ(ပ)၂၈/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၂(ခ) အရ အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats