ပင်လောင်းရှိ ကျေးရွာအချို့တွင် သင်္ကြန်ကာလအတွင်း ကျေးရွာအစီအစဉ်ဖြင့် လူဝင်လူထွက် တားမြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းရှိ ကျေးရွာအချို့တွင် သင်္ကြန်ကာလအတွင်း ကျေးရွာအစီအစဉ်ဖြင့် လူဝင်လူထွက် တားမြစ်


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် သင်္ကြန် ကာလအတွင်း မိမိကျေးရွာအစီအစဉ်ဖြင့် လူဝင်လူထွက် တားမြစ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

.
မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော် ကာလအတွင်း ရတနာသုံးပါးနှင့် မိဘဆရာသမားများအား ပူဇော်ကန်တော့ သည့် အလေ့အထကြောင့် COVID-19 ကပ်ရောဂါ ကူးစက်နိုင်သဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ လွယ်ဘောင်းဘုန်းတော်ကြီးကျောင်း ဒကာများ၊ နန်းပုလင်းကျေးရွာအုပ်စု၊ ထီရီးဘုန်းတော်ကြီးကျောင်း ဒကာများမှ ကျေးးရွာအစီအစဉ်ဖြင့် ဧည့်သည်များ၊ စျေးသည်များ၊ ပြင်ပလူများအား လူဝင်လူထွက်တားမြစ်ကြောင်း ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းက စတင်ကြေညာခဲ့သည်ဟု သိရသည်။
.
အဆိုပါ ကျေးရွာအစီအစဉ်ဖြင့် အသွားအလာ တားမြစ်ခြင်းမှာ မြန်မာနှစ်ဆန်းတစ်ရက်၊ ဧပြီလ ၁၇ ရက် အထိ ဖြစ်သည်ဟု သိရသည်။
.
ထို့အပြင် အဆိုပါကျေးရွာများမှ ကျေးရွာသားများကိုလည်း ရပ်ဝေးဘုန်းတော်ကြီးကျောင်းများ၊ မိဘဆရာများနှင့် အဘိုးအဘွားများကို သွားရောက်ကန်တော့ခြင်းမပြုရန်နှင့် ရပ်ဝေးမှ ညီအစ်ကိုမောင်နှမ များကိုလည်း ယခုနှစ် သင်္ကြန်တွင် လာရောက်ကန်တော့ခြင်းမပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats