ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်လောင်းမြို့နယ်အတွင်းရှိ ရေရှားပါးသော ကျေးရွာ ဖြစ်သည့် လွယ်မောကျေးရွာအုပ်စု၊ ပေါ့ခင်ကျေးရွာသို့
ဧပြီလ ၂၈ ရက်က မော်တော်ယာဉ် ၈ စီးဖြင့် ရေဂါလံ ၁၀၀၀၀ ကျော်ကို သွားရောက်လှူဒါန်းခဲ့ကြောင်း
သိရသည်။
.
.
ယင်းကဲ့သို့ သောက်သုံးရေ လှူဒါန်းနိုင်ရန်အတွက်
လွယ်ဘောင်းဘုန်းတော်ကြီးကျောင်း ဒကာများနှင့် နောင်တရားမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများက
နောင်ပီကျေးရွာအုပ်စု၊ ထီရီးကရင်ကျေးရွာမှ မော်တော်ယာဉ်များဖြင့် သယ်ယူ ပို့ဆောင် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
မိုးရာသီကာလတွင် ပေါ့ခင်ကျေးရွာအတွက် ၄
မိုင်ခန့် ကွာဝေးသော ထီရီးကရင်ကျေးရွာ တောင်ပေါ်တစ်ဘက်ပိတ် မြေသားရေလှောင်ကန်မှ ရေပိုက်ဖြင့်
သောက်သုံးရေ သွယ်တန်းပေးပို့နေပြီး နွေရာသီ ကာလတွင် အဆိုပါ တောင်ပေါ် ရေလှောင်ကန်မှာ
ခန်းခြောက်သွားသည့်အတွက် ပေါ့ခင်ကျေးရွာသို့ သောက်သုံးရေ ရောက်ရှိခြင်းမရှိခြင်းကြောင့်
ထီရီးကရင် ကျေးရွာတွင် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ တူးဖော်လှူဒါန်းထားသည့်
မြေအောက်စက်ရေတွင်းမှ မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
ပေါ့ခင်ကျေးရွာတွင် အိမ်ခြေ ၁၅၀ ကျော်၊
အိမ်ထောင်စု ၁၆၀ ကျော်ရှိပြီး ကျွဲနွားများလည်း မွေးမြထားသည့်အတွက် သောက်သုံးရေရှားပါးလျက်ရှိပြီး
စိမ့်စမ်းရေမှာလည်း ထွက်ရှိမှု မရှိတော့သဖြင့် မြေအောက်ရ ထုတ်ယူအသုံးပြုနိုင်ရေး အတွက်
စက်ရေတွင်း အလှူရှင်များ လိုအပ်လျက် ရှိကြောင်း သိရသည်။
.