ပင်လုံတွင် COVID-19 အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သဖြင့် ကန့်သတ်စောင့်ကြည့်သူများအား နေအိမ်သို့ ပြန်ခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လုံတွင် COVID-19 အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သဖြင့် ကန့်သတ်စောင့်ကြည့်သူများအား နေအိမ်သို့ ပြန်ခွင့်ပြု


နန်းမြင့်မြင့်ဆွေ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် COVID-19 အတည်ပြုလူနာ အမှတ် (၉) နှင့် ထိတွေ့ခဲ့သူ များအား အသွားအလာ ကန့်သတ်ထားရာမှ ဧပြီလ ၇ ရက်က နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ပြီဖြစ်သည်ဟု သိရသည်။
.
 
.
အဆိုပါ သူများသည် COVID-19 အတည်ပြုလူနာ အမှတ်စဉ် (၉) နှင့်အတူ ထိုင်းနိုင်ငံမှတစ်ဆင့် မြဝတီဝင်ပေါက်မှ ဝင်ရောက်ခဲ့ပြီး ပင်လုံမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
COVID-19 အတည်ပြုလူနာ အမှတ် ၉ နှင့် ထိတွေ့ခဲ့ပြီး ကန့်သတ်စောင့်ကြည့်ခံရသူများဖြစ်သည့် ၁၅ ဦးအား ပင်လုံမြို့ဆေးရုံတာဝန်ခံ ဒေါက်တာစိုင်းမြတ်သူရ က လိုအပ်သည်များ မှာကြားကာ စောင့်ကြည့် ကာလပြည့်ပြီဖြစ်၍ ကျန်းမာရေးကောင်းမွန်သဖြင့် နေအိမ်များသို့ ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ပင်လုံ ကွန်ပျူတာတက္ကသိုလ်တွင် ကျန်ရှိနေသည့် ပြည်ပမှ ဝင်ရောက်လာသူများ ၃၁ ဦးကိုလည်း စောင့်ကြည့် ကာလပြည့်လျှင် ပြန်လည်စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
.

Journal Download

Photo of three cats